Photo credit - Limmp twitter

Alliance အသင်းရဲ့ mid laner နေရာမှာ ကစားနေတဲ့ Limmp ရဲ့နာမည်အရင်းကတော့ Linus Blomdin ဖြစ်ပြီး သူဟာ Sweden နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

သူ့ကိုမွေးဖွားခဲ့တာကတော့ 1995 ခုနှစ် 5 လပိုင်း 31 ရက်နေ့မှာဖြစ်တာကြောင့် Limmp ဟာ အခုဆိုရင် အသက် 24 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

သူ doat 2 pro scene ပေါ်ကို စတင်ဝင်ရောက်လာခဲ့တာကတော့ 2014 ခုနှစ်လောက်ထဲကဖြစ်ပြီး stayGreen အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2014 ခုနှစ် 8 လပိုင်း 27 ရက်နေ့မှာတော့ Limmp ဟာ complexity Gaming ကိုရောက်ရှိလာခဲ့ပြီး ၎င်းအသင်းမှာ 2015 ခုနှစ် 2 လပိုင်း 23 ရက်နေ့အထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Limmp ဟာ Ninjas in Pyjamas အသင်းကိုရောက်ရှိလာခဲ့ပြီး 2015 ခုနှစ် 2 လပိုင်းအကုန်လောက်ကနေ 2015 ခုနှစ် 11 လပိုင်း 13 ရက်နေ့အထိကစားခဲ့ပါတယ်။

2015 ခုနှစ် 11 လပိုင်း 24 ရက်နေ့မှာတော့ Limmp ဟာ complexity Gaming ကိုပြန်လည်ရောက်ရှိလာခဲ့ပြီး 2016 ခုနှစ် 8 လပိုင်းအကုန်ထိ ကစားပြီးနောက်မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2016 ခုနှစ် 9 လပိုင်း 16 ရက်နေ့မှာတော့ Limmp ဟာ Alliance အသင်းကိုရောက်ရှိလာခဲ့ပြီး ၎င်းအသင်းမှာ 2017 ခုနှစ် 8 လပိုင်း 18 ရက်နေ့ထိကစားခဲ့ပါတယ်။

2017 ခုနှစ် 9 လပိုင်း 6 ရက်နေ့မှာတော့ Limmp ဟာ complexity Gaming ကိုပြန်လည်ရောက်ရှိခဲ့ပြီး 2019 ခုနှစ် 8 လပိုင်း 26 ရက်နေ့ထိ ကစားခဲ့ပါတယ်။

၎င်းအချိန်ဟာ Ti 9 ပြီးလို့ကစားသမားတွေအနေနဲ့ အသင်းကထွက်ခွာတာတွေ အသင်းသစ်ဖွဲဖို့ ကြံစည်နေတဲ့အချိန်ဖြစ်တာကြောင့် Fata ကြီးဟာ သူ့ရဲ့ အသင်းသစ်မှာ လာကစားဖို့ ကမ်းလှမ်းခဲ့တာကြောင့် Limmp ဟာ fata ရဲ့ အသင်းသစ်မှာဝင်ရောက်ကစားခဲ့ပါတယ်။

2019-2020 DPC season မစခင်မှာတော့ sponsor လိုအပ်နေတဲ့ Fata ရဲ့အသင်းသစ်ကို Alliance က ခေါ်ယူ sponsor ပေးခဲ့တာကြောင့် Limmp ဟာ fata နဲ့အတူ Alliance ကိုရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီနောက် လအနည်းငယ်အကြာမှာ fata က ထွက်ခွာသွားပေမယ့် Limmp ကတော့ အခုချိန်ထိ Alliance မှာ ကစားနေဆဲပဲ ဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။