ကျွန်တော်တို့ကမ္ဘာကြီးရဲ့ အကြီးဆုံးတိုက်ကတော့ အာရှတိုက်ဖြစ်ပါတယ်။ အာရှတိုက်ဟာ အကြီးဆုံးလဲဖြစ်သလို လူနေမှုထူထပ်တဲ့ တိုက်တစ်တိုက်လည်းဖြစ်ပါတယ်။ အာရှတိုက်ပြီးရင် အာဖရိကတိုက်ဖြစ်ပါတယ်။ သူဟာကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးတိုက်တစ်တိုက်ဖြစ်ပြီး ဒုတိယလူနေမှုထူထပ်တဲ့ တိုက်ပဲဖြစ်ပါတယ်။ အဲ့တိုက်မှာရှိတဲ့ Cogo River ဟာဆိုရင် Africa တိုက်ရဲ ဒုတိယအကြီးဆုံးမြစ်ပဲဖြစ်ပါတယ်။ အဲ့ မြစ်မှာဆိုရင်တော့ များစွာသော Sea Monsters တွေရှိပါတယ်။  

အဲံလိုမျိုး Sea Monsters တွေထဲကမှ တကယ်အကောင်းကြီးပြီး လူသားစားတဲ့ Hydrocynus goliath ဆိုတဲ့ငါးကတော့ တကယ့်ကို အံမခန်းဖြစ်ပါတယ်။ သူကိုတချို့က goliath tigerfish, giant tigerfish, ဒါမှမဟုတ် mbenga လို့ခေါ်ကြ သိကြပါတယ်။ မြန်မာလိုဆိုရင်တော့ ကျားငါးလို့ခေါ်ပါတယ်။ သူဟာ ၅ပေနီးပါအထိ ရှည်လျားပြီး ပေါင် ၁၁၀ထိလေးပါတယ်။ အင်မတန်ကြီးမားတဲ့ အသားစားငါးတစ်မျိုးဖြစ်ပါတယ်။ သွားတွေဟာဆိုရင်လဲ ကျားသွားထက်ရှည်လျာပါတယ်။ သူတို့က လူမှမဟုတ်ပါဘူး တခြားအသားတွေကိုလဲစားပါတယ်။ 

မိကျောင်းတွေကိုလဲ စားနိုင်ပါတယ်.....မိကျောင်းအကြီးတွေကို ပြောတာမဟုတ်ပါဘူး......သူ့တို့ထက် ငယ်တဲ့အကောင်တွေကိုပြောချင်တာပါ။ အဲ့ငါးတွေရဲ့ အလေးချိန်တွေဟာလဲ တစ်ကောင်နဲ့တစ်ကောင်မတူကြပါဘူး။ အဲ့ငါးတွေရဲ့ speed နဲ့ power ဟာဆိုအဲ့မြစ်မှာရှိတဲ့ ငါးတွေထက် ပိုမိုကြီးမားပါတယ်။ အဲ့ငါးရဲ့ တိုက်ခိုက်ချင်းကို ခံရတဲ့ လူတွေဟာဆိုရင်လဲ ဒဏ်ရာ အနာတရတွေ ကြီးကြီးမားမားဖြစ်ကုန်ပါတယ်။ သူကိုဖမ်းဖို့ဆိုရင်တော့ တော်တော်ကို ဂရုစိုက်ဖမ်းရပါတယ်။

သတင်းအရင်းမြစ် List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။