Joseph Oberhansely လို့ခေါ်တဲ့ အသက် 36 နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ex girlfriend မိန်းကလေးကို သတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ စားသောက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ အ​မေရိကန်နိုင်ငံ Indiana ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Photo credit - Daily Mail

၄င်းအမျိုးသားဟာ သူမရဲ့ ex girlfriend ဖြစ်သူ Blanton ကို သတ်ဖြတ်ရုံတင်မကပဲ သူမရဲ့ ဦးနှောက် ,နှလုံး နဲ့ အဆုတ် တို့ကိုစားသုံးခဲ့တာပဲ ဖြစ်ပါတယ်။

Blanton ရဲ့အလောင်းကိုတော့ရဲတွေဟာ သူမရဲ့ ရေချိုးကန်ထဲမှာ ရှာတွေ့ခဲ့တာဖြစ်ပြီး Oberhanaely စားသုံးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနေရာမှာတော့ ဟောင်းလောင်းပေါက်ကြီးတွေ ဖြစ်နေခဲ့ပါတယ်။

Photo credit - Daily Mail

အဲ့ဒီနောက်ရဲတွေဟာ ၄င်းအမျိုးသားကို ဖမ်းမိခဲ့ပေမယ့်လည်း သူဟာ ငြင်းဆန်နေခဲ့ပြီး 2014 ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ၄င်းအမှုဟာ အခုဆိုရင် ခြောက်နှစ်တောင်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာတော့ တရားရုံးကနေ Oberhanaely ကို လူသတ်မှု၊ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်မှုတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။

သူသတ်ပီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ စားသုံးခဲ့တဲ့ Blanton ကတော့ အခုဆိုရင် စိတ်အေးချမ်းသာစွာ အနားယူနိုင်သွားတော့မှာပါ......

Photo credit - Daily Mail
Photo credit - Daily Mail

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။