Ashleigh Sumrajh လို့ခေါ်တဲ့ အမျိုးသမီးလေးတစ်ဦးဟာ 2018 ခုနှစ်လောက်က သူမရဲ့ခြေထောက်မှာ ထိခိုက်မ်ရာကနေ အနာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။

သူမဟာ အဲ့အနာလေးကို စတင်ဖြစ်ပီးထဲကနေ ကုသခဲ့ပေမယ့် 2019 ခုနှစ် ဇွန်လမှာ သူမဟာ ကုသလို့မရနိုင်တော့တဲ့ အရေပြားကင်ဆာ ကို ခံစားနေရမှန်း သိရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမဟာ ရောဂါကို တဖြေးဖြေး အံတုတိုက်ခိုက်လာရင်း နောက်ဆုံးအနေနဲ့ မသေခင်လေးမှာ သူမချစ်ရတဲ့ Jason Hale နဲ့ လက်ထပ်သွားချင်တဲ့ ဆန္ဒလေးဖြစ်လာခဲ့ပါတယ်။

Photo credit - Daily Mail

အဲ့အချိန်မှာ Jason Hale ကလည်းမဆိုင်းမတွပဲ နှစ်ဘက်အမျိုးတွေကိုဖိတ်ကာ Gold Cast မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ 5 ရက်နေ့က သူတို့နှစ်ဦးရဲ့ မဂ်လာပွဲလေးကို ကျင်းပခဲ့ပါတယ်။

မင်္ဂလာ ပွဲကျင်းပချိန်မှာတော့ Jason ဟာ မင်္ဂလာဝတ်စုံဝတ်ထားတဲ့ ချစ်သူရဲ့ အရိုးပေါ်အရေတင် ခန္ဓာကိုယ်လေးကို မြင်ပီး မျက်ရည်တွေ ထိန်းမထားနိုင်ခဲ့ပါဘူး။

ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက်ကြည့်တဲ့အကြည့်တွေကလည်း ပုံလေးတွေထဲမှာ မြင်ရတာတောင် ကြေကွဲစရာကောင်းလှပါတယ်။

Photo credit - Daily Mail
Photo credit - Daily Mail

ကြေကွဲမှုတွေအပြီးမှာတော့ Smrajh ရဲ့ အရမ်းပျော်ရွှင်နေတဲ့ ပုံစံလေးကိုတွေ့ရပြီး သူမရဲ့ဝေဒနတွေကိုတောင် ခနမေ့နေသလိုပါပဲ။

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးပီးသွားချိန်မှာတော့ Smrajh ဟာ Jason နဲ့အတူ သူမရဲ့အိမ်ကိုပဲ ပြန်သွားခဲ့ပြီး ဆယ့်တစ်ရက်အကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

မသေခင်လေးမှာ သူမရဲ့နောက်ဆုံး ဆန္ဒလေးကို လုပ်ခွင့်ရလိုက်တဲ့ Smrajh လေးကတော့ အေးချမ်းစွာ အနားယူသွားခဲ့ပါပြီ။

Photo credit - Daily Mail
Photo credit - Daily Mail
Photo credit - Daily Mail

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။