မင်းသမီးကြီး မေသန်းနုရဲ့တူမချောလေးဖြစ်တဲ့ ဇူးဇူးမောင်ကတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေအများအပြား ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ချစ်ခင်အားပေးသူတွေရဲ့ဝန်းရံမှုနဲ့ အတော်လေးကိုအောင်မြင်ခဲ့တဲ့ ဇူးဇူးမောင်က အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ဇူးဇူးမောင်က သူမရဲ့ခင်ပွန်းနဲ့ အိမ်ထောင်ကျပြီး ပြည်ပမှာ အခြေချနေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Ngu Wah Wah's FB Acc
Photo Credit-Ngu Wah Wah's FB Acc
Photo Credit-Ngu Wah Wah's FB Acc

လက်ရှိမှာတော့ ဇူးဇူးမောင်က Chloe နဲ့ Alison ဆိုတဲ့ သမီးလေးနှစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ ဇူးဇူးမောင်က သူမရဲ့ကလေးတွေကို စနစ်တကျပြုစုပျိုးထောင်ပေးထားတဲ့အပြင် ဘာသာရေးကိုင်းရှိုင်းအောင်လည်း သင်ကြားပေးထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဇူးဇူးမောင်ရဲ့သမီးလေး Chloe က လက်အုပ်လေးချီပြီး မေတ္တာပို့တတ်နေပြီလည်း ဖြစ်ပါတယ် ။

Photo Credit-Ngu Wah Wah's FB Acc
Photo Credit-Ngu Wah Wah's FB Acc
Photo Credit-Ngu Wah Wah's FB Acc

အခုလည်း ဇူးဇူးမောင်က "Chloe လေး ၃ နှစ်ကျော်အရွယ်တုန်းက ဘေးရန်ကင်းစေရန် ဆုတောင်းပေးနေတဲ့ Video လေးပါ။ ချိုက ညတိုင်းဒေါက်တာ နန္ဒမာလာဘိဝံသ တရားတော်ကို အမြဲနားထောင်တော့ ဘုန်းဘုန်းတရားရဲ့အဆုံးမှာ အဲ့လိုမေတ္တာပို့ပေးတာ Chloe လေးကညတိုင်းလိုက်ဆိုရင်း အားလုံးကို မေတ္တာပို့ပေး " ဆိုပြီး သမီးလေးရဲ့ဗီဒီယိုကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ အရမ်းလိမ္မာတဲ့ ဇူးဇူးမောင်သမီးလေး Chloe ရဲ့ချစ်စရာဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"ACC Chanel by Alison,Chloe & Cho" FB Page

Photo Credit-Ngu Wah Wah's FB Acc
Photo Credit-"ACC Chanel by Alison,Chloe & Cho" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။