အဆိုကောင်းရုံသာမဟုတ်ဘဲ သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးချွန်သူကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတလောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့ရာမှာတွင်လည်း ပရိသတ်တွေ အားပေးမှုကို အထူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ " လိပ်ပြာ " ဇာတ်လမ်းတွဲနဲ့လည်း ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

Photo Crd- Pan Yaung Chel’s Facebook Page
Photo Crd- Pan Yaung Chel’s Facebook Page
Photo Crd- Pan Yaung Chel’s Facebook Page

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပန်းရောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲ ရေးသား ဝေမျှထားတာပဲ ဖြစ်ပါတယ်။ " ဒီနှစ် Asian Academy Creative Awards အတွက် ပန်း​​ရောင် Best Actress In A Leading Role (အ​ကောင်းဆုံးအမျိုးသမီးဇာတ်​ဆောင်ဆု) National Winner ဖြစ်ခွင့်ရတဲ့အတွက် အရမ်း​ပျော်ရွှင်မိပါတယ် ။

ဒီ အာရှအနုပညာတီထွင်ဖန်တီးမှုအကယ်ဒမီဆု​ချီးမြှင့်ပွဲ မှာ "လိပ်ပြာ" က 4 National Wins ရရှိထားပါတယ် - Best Drama Series, Best Cinematography, Best Theme Song နဲ့ Best Actress In A Leading Role ပါ။ 

Photo Crd- Pan Yaung Chel’s Facebook Page
Photo Crd- Pan Yaung Chel’s Facebook Page
Photo Crd- Pan Yaung Chel’s Facebook Page

တခြား​​သော အာရှနိုင်ငံမှ ရုပ်သံဇတ်လမ်းများနဲ့အတူ ပန်း​ရောင်တို့က အာရှမှာ အ​ကောင်းဆုံးဇတ်လမ်းတွဲဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်​တေးဆု နဲ့ အ​ကောင်းဆုံးအမျိုးသမီးဇာတ်​ဆောင်ဆု တို့ကို မြန်မာနိုင်ငံကိုယ်စားပြုရင်း ဆန်ကာတင်စာရင်းဝင်သွားပြီဖြစ်ပါတယ်။ ဆု​ပေးပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ "လိပ်ပြာ" အဖွဲ့သား​တွေနဲ့အတူ ဂုဏ်ယူရပါတယ် အားလုံးကို ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ဒါ ပန်း​ရောင်ရဲ့ ပထမဦးဆုံးရုပ်ရှင် နဲ့ ပထမဦးဆုံး nomination ပါ။ အများကြီးဆက်ကြိုးစားရပါဦးမယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Pan Yaung Chel’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။