ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးထက်ထက်မိုးဦးကတော့ တစ်ခေတ်မှာ ထက်ထက်မိုးဦးခေတ်ရယ်လို့ နာမည်တွင်ခဲ့ပြီး ကြော်ငြာဘုရင်မလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာနေရာယူထားနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းထူးချွန်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်နိုင်တဲ့အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။

Photo Credit : Wah Wah Win Gold And Jewelry Center & Htet Htet Moe Oo Page
Photo Credit : Wah Wah Win Gold And Jewelry Center & Htet Htet Moe Oo Page

ထက်ကအခုချိန်ကို နုပျိုလှပပြီး မရိုးသွားနိုင်တဲ့ အလှတရားတွေ ပြည့်နှက်နေဆဲဖြစ်ပါတယ်   အခုတော့ ထက်ထက်မိုးဦးက အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်လုပ်ကိုင်လာပြီး ဇာတ်ကားတွေရိုက်ကူးနေပြီ ဖြစ်ပါတယ်။အချိန်အတော်ကြာအောင် အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့တဲ့ ထက်ထက်မိုးဦးက အခုတော့ပရိသတ်တွေရဲ့ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Wah Wah Win Gold And Jewelry Center & Htet Htet Moe Oo Page
Photo Credit : Wah Wah Win Gold And Jewelry Center & Htet Htet Moe Oo Page

ခုကာလမှာ မထက်က အနုပညာအလုပ်တွေနားထားပေမယ့်လည်း Live လွှင့်ကာ စိန်ရွှေရတနာများကို ရောင်းချလျက်ရှိရာ ဝယ်ယူအားပေးကြသူတွေများပြားခဲ့တာလည်းဖြစ်ပါတယ် ။ အခုလည်း ဝါဝါဝင်း စိန်ရွှေရတနာဆိုင်လေးရဲ့ live sales လေးမှာ သိန်းပေါင်း (၂၀၀၀) ရောင်းရ ကြောင်းဖော်ပြခဲ့တာတွေ့ရပြီး မထက်ရဲ့စန်းကတော့ ခုချိန်ထိကို အံ့မခန်းပါပဲနော် ။ ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာကြည်နူးရအောင် မျှဝေပေးလိုက်ပါရစေနော် ။

Photo Credit : Wah Wah Win Gold And Jewelry Center & Htet Htet Moe Oo Page
Photo Credit : Wah Wah Win Gold And Jewelry Center & Htet Htet Moe Oo Page

Source & Photo Credit : Wah Wah Win Gold And Jewelry Center & Htet Htet Moe Oo Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။