ပရိသတ်ကြီးရေ မင်းသမီးချောလေးနေခြည်ဦးကတော့ ၂၀၁၈လောက်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးအများအပြားကိုလည်းရိုက်ကူးထားပြီး ဇာတ်လမ်းတွဲတွေနဲ့ MVတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ချီချီက အနုပညာအလုပ်တွေလုပ်ကိုင်လာတာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက မင်းသမီးတစ်ယောက်လည်းဖြစ်လာပြီဖြစ်တာကြောင့် အလှအပရေးရာကို ခေါင်းအစခြေအဆုံးဂရုစိုက်နေတာဖြစ်ပါတယ်။လေ့ကျင့်ခန်းကိုလည်း မနက်တိုင်း လုပ်ဆောင်ပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်မျှတစွာနေထိုင်စားသောက်နေတာဖြစ်ပါတယ်။နေခြည်ဦးကတော့ သွက်လက်ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက အရမ်းစန်းပါတာကြောင့် သူမကြော်ငြာလိုက်တဲ့ ပစ္စည်းတိုင်းက အရမ်းအောင်မြင်ပါတယ်နော်။အခုဆိုရင်တော့ နေခြည်ဦးက သူမရဲ့ကြော်ငြာဆိုင်းဘုတ်အကြီးကြီးကို ရန်ကုန်မြို့ထဲမှာတွေ့ရလို့ ဝမ်းသာအားရထအော်ပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။သူမရဲ့ကြော်ငြာဆိုင်းဘုတ်ကြီးကို ကြည့်ပြီး ပီတိဖြာနေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

Photo Credit:Nay Chi Oo's Facebook Account

Source&Videoq Credit:Nay Chi Oo's Facebook Account Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။