ဒါရိုက်တာ၊သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ် ။ သဇင်ထူးမြင့်က ရွှေကြိုမယ်အဖြစ် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သီချင်းဗီဒီယိုတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သဇင်ထူးမြင့်က ဇာတ်လမ်းတွဲလေးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီလည်း ဖြစ်ပါတယ် ။

Photo redit-Thazin Htoo Myint-Thel's FB Page
Photo redit-Thazin Htoo Myint's FB Acc
Photo redit-Thazin Htoo Myint's FB Acc

ငယ်ရွယ်နုပျိုသူလေးဖြစ်ပြီး အစွမ်းကုန်လှပနေတဲ့ သဇင်ထူးမြင့်က ယောကျ်ားလေးပရိသတ်တွေရဲ့အားပေးမှုကိုရော မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ သဇင်ထူးမြင့်က ဖေဖေခင်လှိုင်ရိုက်ကူးတဲ့ ဆိုးပေဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း သဇင်ထူးမြင့်က ထွန်းဝီရ၊ ပိုင်ဖြိုးသုတို့နဲ့ အတူသွားအတူစားနေတဲ့ လှုပ်ရှားမှုလေးတွေကို ဗီဒီယိုရိုက်ကာ မျှဝေထားတာ ဖြစ်ပါတယ် ။

Photo redit-Thazin Htoo Myint's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

သဇင်ထူးမြင့်နဲ့ ပိုင်ဖြိုးသုတို့ကတော့ အညာမြေစားဖွယ်စုံဆိုင်ကို ရောက်ရှိနေကြတာဖြစ်ပြီး စားကြသောက်ကြနဲ့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူမတို့နှစ်ယောက်က ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေကိုလည်း အစာကျွေးခဲ့ကြသေးတာ ဖြစ်ပါတယ် ။ ကဲ ပရိသတ်အချစ်တော်လေးတွေဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ သဇင်ထူးမြင့်တို့ရဲ့ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thazin Htoo Myint's FB Story 

Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။