ပရိသတ်ကြီးရေ.....စစချင်းပွဲဦးထွက် ရုပ်ရှင်ကားကြီးမှာတင် ပရိသတ်တွေရဲ့အားပေး၀န်းရံမှုကို အပြည့်အ၀ရရှိခဲ့တဲ့ ဒါရိုက်တာထူးပိုက်ဇော်ဦးကို သိကြမယ်ထင်ပါတယ်နော်။ သူဟာ ညရုပ်ရှင်ကားကြီးနဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီးနောက် ဒုတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ သူစိမ်းအိမ်မှာလည်း အောင်မြင်မှုတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့ သဘောကျချီးကျူးမှုကို အပြည့်အ၀ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

သူစိမ်းအိမ်ရုပ်ရှင်ကားကြီးဟာဆိုရင်လည်း ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ အကယ်ဒမီလွင်မိုး၊ အကယ်‌ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ လင်းဇာနည်ဇော်တို့နဲ့အတူ တက်သစ်စမင်းသား မင်းသမီးများစွာနဲ့ ရိုက်ကူးထားတဲ့ Horror,Thrillerရုပ်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်နော်.....။

အခုဆိုရင်လည်း သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် Asian Academy Creative Awardsမှာ ဆုတွေအများအပြားရရှိခဲ့တာဖြစ်ပြီး ဒီအကြောင်းလေးကို ဒါရိုက်တာထူးပိုင်ဇော်ဦးဟာ "အခုလို အဖက်ဖက်က စိတ်ဒုက္ခရောက်နေရတဲ့အချိန်မှာ ကျွန်တော့်ကို အားဖြစ်စေတဲ့ သတင်းတစ်ခု အားလုံးနဲ့ ဝေမျှချင်ပါတယ်။Asian Academy Creative Awards မှာကျွန်တော်တို့ ရဲ့ သူစိမ်းအိမ် - Stranger's House ရုပ်ရှင်ဇာတ်ကားကြီး က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား Best Fiction ၊ ကျွန်တော်က အကောင်းဆုံး ဒါရိုက်တာ Best Director ဆု ၊ကူးကူးဇင်အောင် က အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role အဖြစ် National Winner များအဖြစ် အရွေးချယ်ခံရပါတယ်။အဲဒါကြောင့် အာရှအဆင့်အနေနဲ့ တခြား အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများနှင့်အတူ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆုများမှာ ဆန်ကာတင် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။ဆုပေးပွဲကတော့ ဒီဇင်ဘာမှ ကျင်းပမှာဖြစ်ပါတယ်။သူစိမ်းအိမ် တစ်ဖွဲ့သားလုံးနဲ့အတူ ဂုဏ်ယူပါတယ်" ဆိုပြီး Facebookစာမျက်နှာမှာ ရေးသားလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။

Source& photo credit-Htoo Paing Zaw Oo's Facebook acc/သူစိမ်းအိမ် - Stranger's House 's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။