ချစ်ပရိသတ်ကြီးရေ...သရုပ်ဆောင် ၊ အဆိုတော် နန်းဆုရတီစိုးကတော့ အနုပညာအရည်အချင်း ပြည့်ဝသူဖြစ်လို့ ဘက်စုံတော်တဲ့ သူမကို ပရိသတ်တွေကလည်း ဆယ်စုနှစ်တစ်ခုကြာ စွဲမက်စွာအားပေးနေတာလည်း ဖြစ်ပါတယ် ။ သရုပ်ဆောင်ပိုင်းမှာ သာမကပဲ အဆိုပိုင်းမှာလည်း အပြစ်ပြောစရာမရှိတဲ့သူမက ယခုမှာလည်း ပရိသတ်တွေ အချစ်ပိုစေမယ့် ထူးထူးခြားခြား ဟင်းချက်လက်ရာကို တင်ပေးလာပြန်ပါပြီနော်။ 

Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account

သူမကိုယ်တိုင် အချိန်ပေးပြီး ချက်ပြုတ်ထားတဲ့ အရောင်အသွေးစုံလင်လှတဲ့ ဝက်စတူးဟင်းကို အားရပါးရ စားပေးနေတဲ့ တူအမွှာလေးကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေတာ​ဖြစ်ပြီး ဗီဒီယိုဖိုင်လေးကို သူရဲ့ facebook mydayမှာ တင်ပေးလာတာပါ။ ဗီဒီယိုလေးအပြင် နန်းဆုက " ကိုယ်ဘာချက်ချက် အားရပါးရစားပေးမယ့်သူရှိပြီလား? ဒီအမွှာတူတွေကြောင့် ဟင်းချက်ဝါသနာပါတဲ့ ကိုယ်တော့ pig pig လေး ဖြစ်လာတော့မှာပဲ ဒီတစ်ခါက အိတုန်ဝက်စတူး " ဆိုပြီး ပြောထားပါသေးတယ်။

Photo credit - Nansu Yati Soe's Fb Account
Photo credit - Nansu Yati Soe's Fb Account

Stay home ကာလမှာ အကျိုးရှိရှိဖြတ်သန်းနေတဲ့ နန်းဆုကို ပရိသတ်တွေက အရင်ကထက် ပိုအားပေးကြမယ်မလား။ ကဲ...ပရိသတ်တွေအတွက်လည်း နန်းဆုနဲ့အတူ တူအမွှာလေးနှစ်ယောက်ရဲ့ ပျော်ရွှင်စရာ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ နန်းဆုရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါဦးနော်.... ။

Photo credit - Nansu Yati Soe's Fb Account

Source & Photo credit - Nansu Yati Soe's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။