ထိပ်တန်းမင်းသမီးချောလေး တစ်လက်အဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ကာရိုက်တာပေါင်းစုံကို ဟာကွက်မရှိအောင် ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆုတွေလည်း သိမ်းပိုက် ရရှိထားတာပဲ ဖြစ်ပါတယ်။ အူဝဲရဲ့ ဖက်ရှင်တွေဟာလည်း လူတိုင်းရဲ့ အာရုံကို အခုချိန်ထိ ဖမ်းစားထားနိုင်ဆဲပဲ ဖြစ်ပါတယ်။

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

သူမဟာ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင်လည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှတင်ဆက် ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း အူဝဲရဲ့ စကားပြောပုံလေးတွေကအစ ချစ်နေရတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

ဒါကတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ကိုယ်တိုင်လာပို့တဲ့ မာလာရှမ်းကောကိုအရသာရှိစွာအားရပါးရစားပြနေတဲ့ အူဝဲရဲ့ Video လေးပဲ ဖြစ်ပါတယ်။ အူဝဲကလည်း " အရမ်းကောင်းမွန်သော မိဇာ မာလာရှမ်းကော " ဆိုပြီးတော့လည်း ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Eaindra Kyaw Zin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။