ဒီကနေ့မှာဘဲ အဆိုတော် မီးမီးခဲဟာ သူချစ်ရတဲ့ မိသားစုနဲ့ ဂီတညီအစ်ကို မောင်နှမများကို အပြီးတိုင်စွန့်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲဟာ ကင်ဆာရောဂါကို နှစ်ကာလကြာမြင့်စွာ ခံစားနေခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမဟာ ဩစတေးလျနိုင်ငံရဲ့ စံတော်ချိန် 9:31 PM တွင်ခရစ်တော်တွင် အိပ်ပျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Crd- Mee Mee Khel’s Facebook Page
Photo Crd- Mee Mee Khel’s Facebook Page
Photo Crd- Tun Conni’s Facebook Account

သူမကွယ်လွန်သွားတဲ့ သတင်းကို ကြားကြားချင်းမှာဘဲ ပရိသတ်များနဲ့ အနုပညာရှင်များစွာက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ ဝမ်းနည်းကြောင်းများ ရေးသားခဲ့ကြတာပဲ ဖြစ်ပါတယ်။ အရင်းနှီးဆုံး ဂီတညီအစ်တွေ ဖြစ်ကြတဲ့ အဆိုတော် တင်ဇာမော်နဲ့ ကော်နီတို့ကလည်း "ရင်တွေကွဲရပါပြီ, ငါ့ညီမလေးရယ်" ၊ " တကယ်ပဲလားကွယ်။ ရင်ထဲ မကောင်းပါ။ ငြိမ်းအေးပါစေ ညီမလေးရေ။" ဆိုပြီးလည်း ရေးသားခဲ့ကြတာပါ။

Photo Crd- Nyi Nyi Maung’s Facebook Account
Photo Crd- Tin Zar Maw’s Facebook Account

ဒါ့အပြင် သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကလည်း " မမီးခဲရေ....ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိပါစေ....စိတ်ထဲမှာမကောင်းလိုက်တာ....မမီးခဲရေ...အေးချမ်းပါစေကွယ်." ဆိုပြီးတော့လည်း စိတ်မကောင်းစွာနဲ့ ရေးသားခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုတော် မီးမီးခဲလည်း ငြိမ်းအေးရာ ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd- Mee Mee Khel’s Facebook Page and Soe Pyae Thazin’s,Thinzar Maw’s,Tun Conni’s , May Thu’s, Nyi Nyi Maung’s,Kaungkaungvocalist’s,Soe Pyae Thazin’s Facebook Account 

Photo Crd- Kaung Kaung Vocalist’s Facebook Account
Photo Crd- May Thu’s Facebook Account
Photo Crd- Soe Pyae Thazin’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။