ပရိသတ်ကြီးရေ မင်းသားချောကြီးဦးလွင်မိုးကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင် ရပ်တည်အောင်မြင်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိထားတဲ့ ဝါရင့်မင်းသားကြီးဖြစ်ပါတယ်နော်......။ သူဟာ ပျော်ရွှင်စရာ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး မြေးလေးဖြစ်တဲ့ Liamလေးဟာလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုအပြည့်အ၀ရရှိနေတာပါ။

ဦးလွင်မိုးဟာ အနုပညာဘက်မှာသာမက စီးပွားရေးဘက်မှာလည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ အများလေးစားအားကျရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အနုပညာလှုပ်ရှားမှုတွေနဲ့ အနည်းငယ်ဝေးကွာနေတဲ့ ဦးလွင်မိုးတစ်ယောက်ဟာ အခုလက်ရှိမှာဆိုရင် အိမ်မှာပဲ မိသားစုကိုအချိန်ပေးကာ မြေးလေးကိုထိန်းရင်းနဲ့ အချိန်ကုန်ဆုံးနေတာဖြစ်ပါတယ်။

မကြာသေးမီကတော့ ဦးလွင်မိုးဟာ သူ့ရဲ့ Facebook my dayလေးမှာ မီးဖိုချောင်၀င်ပြီးအရသာရှိတဲ့ဟင်းလျာတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ အခုကာလဟာဆိုရင်လည်း stay homeနေရတာဖြစ်ဝာာကြောင့် ဦးလွင်မိုးတစ်ယောက်လည်း အိမ်မှာပဲနေဖြစ်နေတာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Lwin Moe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။