ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂွမ်းပုံကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်နေခဲ့သူတစ်ယောက်ဖြစ်ပြီး အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာပဲဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ သူမကတော့ အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ 

Photo Credit: တက္ကသိုလ်ဂွမ်းပုံ 's Facebook Acc
Photo Credit: တက္ကသိုလ်ဂွမ်းပုံ 's Facebook Acc

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေသူလေးပဲဖြစ်ပါတယ်။ဇာတ်ကားတွေကိုလည်း ဆက်လက်ရိုက်ကူးလျက်ရှိနေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင်ပြုလုပ်လေ့ရှိတဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo Credit: တက္ကသိုလ်ဂွမ်းပုံ 's Facebook Acc
Photo Credit: တက္ကသိုလ်ဂွမ်းပုံ 's Facebook Acc

သူမကတော့ ယခုမှာ ဟန်ချက်ညီညီလေးတွေနဲ့ ပျော်ပျော်ပါးပါးကနေပြီး ကြည့်မိသူတိုင်းကို အချစ်တွေပိုစေခဲ့တဲ့ tiktokဗီဒီယိုလေးကို ချပြလာခဲ့ပါတယ်။ သူမကတော့ "ကလေးတွေနဲ့..တစ်ခါတလေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ဂွမ်းပုံရဲ့ ကြည့်ရူသူပရိသတ်တွေများပြားနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : တက္ကသိုလ်ဂွမ်းပုံ 's Facebook Acc 

Photo Credit: တက္ကသိုလ်ဂွမ်းပုံ 's Facebook Acc
Photo Credit: တက္ကသိုလ်ဂွမ်းပုံ 's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။