ပရိသတ်ကြီးရေ စိန်ဖြိုးလှိုင်ကတော့ တစ်ခေတ်တစ်ခါမှာ "မောင်"ဆိုတဲ့ အနုပညာနာမည်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အကယ်ဒမီနန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တာကြောင့် အနုပညာပါရမီလည်းပါပါတယ်နော်။နန္ဒာလှိုင်တို့မိသားစုက စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြပြီး စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြလို့ အရမ်းအားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။

Photo Credit:SEIN PHYO &YI's Facebook page
Photo Credit:SEIN PHYO &YI's Facebook page

စိန်ဖြိုးလှိုင်ကတော့ မကြာသေးခင်ကမှ ဧရာဝတီစင်တာမှာ Quarantine ဝင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျန်းကျန်းမာမာနဲ့ မိသားစုနဲ့အတူပြန်နေထိုင်နေတာဖြစ်ပါတယ်။စိန်ဖြိုးလှိုင်က ဆရာဝန်တစ်ယောက်လည်းဖြစ်တာကြောင့် ကိုဗစ်ကုသရေးအတွက် တစ်တပ်တစ်အားပါဝင်လှုပ်ရှားတော့မှာဖြစ်ပါတယ်။အခုဆိုရင်တော့ စိတ်ဖြိုးလှိုင်က မိသားစုနဲ့ခဏခွဲပြီး ဖောင်ကြီးမှာ တစ်လတိတိသွားနေရမှာဖြစ်ပါတယ်နော်။

Photo Credit:SEIN PHYO &YI's Facebook page
Photo Credit:SEIN PHYO &YI's Facebook page
Photo Credit:SEIN PHYO &YI's Facebook page

စိန်ဖြိုးလှိုင်က"အမိန့်စာမှာ ဒေါက်တာစိန်ဖြိုးလှိုင် ပါလာပါပြီ...ဖောင်ကြီး covid ကုသရေးမှာ တစ်လတိတိ တာဝန်ထမ်းဆောင်ပါမယ်...ကျွန်တော်တတ်ထားတဲ့ပညာနဲ့ ခုလိုအချိန်မှာ ပါဝင်ခွင့်ရတာကိုပဲဝမ်းသာပါတယ်...ကျွန်တော်သာ ဆရာဝန်တစ်ယောက်မဟုတ်ခဲ့ဘူး ငယ်ရွယ်ကျန်းမာတဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် လုပ်ချင်ပါတယ်ဆိုတာတောင် လုပ်လို့မရပါဘူး...ကျွန်တော် လုပ်နိုင်တယ် လုပ်သင့်တယ် လုပ်ရမယ့် အလုပ်လို့ခံယူထားပါတယ်...ကျွန်တော်ခုလိုသွားမှာကို စိတ်ပူပေမယ့် ကျွန်တော်ဆန္ဒကိုလိုက်လျောပြီး ခွင့်ပြုပေးတဲ့ ပါးပါးနဲ့မေကြီး၊ ပြီးတော့ ကျွန်တော့် အစ်မ ၅ ယောက်နဲ့ ရီရီ့ ကိုလည်းကျေးဇူးတင်ပါတယ်.."ဆိုပြီး ရေးသားမျှဝေထားတာဖြစ်ပါတယ်။

Photo Credit:SEIN PHYO &YI's Facebook page
Photo Credit:SEIN PHYO &YI's Facebook page

Source&Photo Credit:SEIN PHYO &YI's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။