ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးထက်ထက်မိုးဦးကတော့ တစ်ချိန်က ဒိတ်ဒိတ်ကြဲအောင်မြင်​ကျော်ကြားခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကတော့ ဖြူဖွေးတဲ့ အသားအရေနဲ့ ယနေ့အချိန်ထိချစ်စရာကောင်းနေဆဲဖြစ်ပါတယ်။ 

Photo Credit: Htet Htet Moe Oo ' s Facebook Page
Photo Credit: Htet Htet Moe Oo ' s Facebook Page

သူမကတော့ " ရတနာ ရှိရာ ရတနာတွေလာကြပါစေ ထက်ကတော့ နိုင်ငံတကာ အသိအမှတ်ပြု GIA စိန်တွေ နဲ့ လက်တစ်ဖက် လုံးကို စိန်စီပစ်တော့မယ်ကွာ သိမ်းငှက်သုံးကောင် နဲ့ ထက် High End luxury live sale မှာ GIA စိန်တွေချည်း 4 နာရီခွဲအတွင်း သိန်း 5000ကျော်ဖိုး ရောင်းရတာ အရမ်းပျော်တာပဲ။ ပရိသတ်တွေကို အမြဲမေတ္တာပို့ပေးနေပါတယ်။ ဒီနေ့ အရမ်းပျော်တာပဲနော် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသာထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit: Htet Htet Moe Oo ' s Facebook Page
Photo Credit: Htet Htet Moe Oo ' s Facebook Page

သူမကတော့ ယခုမှာ 4နာရီခွဲအတွင်း GIA စိန်တွေချည်း သိန်း5000ကျော်ဖိုးအထိရောင်းခဲ့ရလို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ သူမရဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ယနေ့အချိန်ထိနုပျိုလှပနေဆဲဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source  : Htet Htet Moe Oo ' s Facebook Page 

Photo Credit: Htet Htet Moe Oo ' s Facebook Page
Photo Credit: Htet Htet Moe Oo ' s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။