အဆိုတော်၊သရုပ်ဆောင် ရဲရင့်အောင်နဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဧငြိမ်းဖြူတို့ကတော့ အများကအားကျရတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ် ။ သူတို့စုံတွဲလေးက အရမ်းကိုရှေ့သွားနောက်လိုက်ညီသလို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိ လက်တွဲနေကြတာလည်း ဖြစ်ပါတယ် ။ အခုဆိုရင်တော့ ရဲရင့်အောင်တို့စုံတွဲလေးကချစ်သူသက်တမ်း (၄) နှစ်ကျော်တောင် ရှိနေကြပြီလည်း ဖြစ်ပါတယ် ။

Photo Credit-Yair Yint Aung's FB Acc
Photo Credit-Yair Yint Aung's FB Acc
Photo Credit-Yair Yint Aung's FB Page

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့နှစ်ယောက်လုံးကသူတို့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အားလုံးကို အသိပေးပြီး Official တွဲနေကြတာလည်း ဖြစ်ပါတယ် ။ လိုက်ဖက်ညီတဲ့ သူတို့နှစ်ယောက်ကို ပရိသတ်တွေက Idol Couple လို့တောင်ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း ရဲရင့်အောင်တို့ချစ်သူနှစ်ဦးက သူငယ်ချင်းသားသားရဲ့ Music Video လေးမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။

Photo Credit-Yair Yint Aung's FB Acc
Photo Credit-Yair Yint Aung's FB Acc
Photo Credit-Thar Thar's FB Page

အခုတော့ သားသားက " "ဆန်းကြယ်" BTSနောက်ဆုံးခန်းမှာ အခွီရဆုံး 2M view ထိ feedback ကောင်းလေးတွေနဲ့ အခွေသစ် ထွက်ဖို့လည်း အဆင်သင့်ပဲ" ဆိုပြီး ရဲရင့်အောင်တို့စုံတွဲနဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ သားသားကတော့ သူငယ်ချင်းရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲကို ဗီဒီယိုလိုက်ရိုက်ရင်း ရိုက်ကွင်းနောက်ကွယ်မှာ ခွီနေရတဲ့အဖြစ်အပျက်လေးတွေကို မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရဲရင့်အောင်တို့စုံတွဲလေးနဲ့ သားသားရဲ့အမှတ်တရဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Thar Thar's FB Page

Photo Credit-Thar Thar's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။