ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ အဆိုတော် မီးမီးခဲကတော့ မနေ့ညက ကင်ဆာရောဂါဖြင့် သူမချစ်တဲ့သူတွေရဲ့ အဝေးကို စွန့်ခွာသွား ခဲ့ပြီပဲ ဖြစ်ပါတယ်။ အနုပညာရှင်မောင်နှမများနဲ့ ပရိသတ်တွေ အားလုံးကလည်း ဒီသတင်းကို ကြားကြားချင်း မယုံနိုင်အောင်ကို ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ မောင်နှမအရင်းပမာ ရင်းနှီးချစ်ခင်ခဲ့ကြတဲ့ အဆိုတော်များဟာလည်း သူမနဲ့ ပတ်သက်တဲ့ အမှတ်တရ တစ်ချို့ကို သူတို့ရဲ့ Facebook အကောင့်တွေမှာ ပြန်လည်ရေးသားတင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Crd- Mee Mee Khel’s Facebook Page
Photo Crd- Mee Mee Khel’s Facebook Page
Photo Crd- Mee Mee Khel’s Facebook Page

သူမရဲ့   ခင်ပွန်းဟောင်း ဖြစ်သူ   အဆိုတော်  ထူးအယ်လင်းကလည်း   မနေ့ညက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ   Live   လွှင့်ထားတာပဲ   ဖြစ်ပါတယ်။   ဒါကတော့  မီးမီးခဲကွယ်လွန်သွားတဲ့   သတင်းကြားကြားချင်း  သမီးလေးအတွက်ပို   ပြီးစိတ်မကောင်းဖြစ်မိကြောင်း ဝမ်းနည်းစွာပြောကြားလာတဲ့  ထူးအယ်လင်းရဲ့ Video  လေးပဲ  ဖြစ်ပါတယ်။  

Photo Crd- Htoo El Lynn’s Facebook Account
Photo Crd- Htoo El Lynn’s Facebook Account
Photo Crd- Htoo El Lynn’s Facebook Account

ထူးအယ်လင်းကတော့ ဒီဗီဒီယိုလေးထဲမှာ " သမီးလေးက ဖုန်းဆက်ပြောတော့မှ မီးမီးခဲကွယ်လွန်တာကို သိရှိရပြီး သမီးလေးအတွက် ပိုပြီး စိတ်မကောင်းဖြစ်မိကြောင်း၊ သမီးလေးကို ဖခင်မေတ္တာရော မိခင်မေတ္တာနဲ့ပါ ပိုပြီးစောင့်ရှောက်သွားမယ် ဖြစ်ကြောင်း " ကို ပြောကြားထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မီးမီးခဲကွယ်လွန်တာကို စိတ်မကောင်းဖြစ်နေတဲ့သူတွေအားလုံးလည်း သူမအတွက် တတ်နိုင်တဲ့ ဘက်ကနေအလှူလေးတွေ တစ်နိုင်တစ်ပိုင်လုပ်ပေးရင် ပိုပြီးကောင်းမယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Mee Mee Khel’s Facebook Page and Htoo El Lynn’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။