ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် အဆိုတော် ဆန်းသစ်လ ကတော့ အနုပညာလမ်းကြောင်းထက်မှာ အချိန်တစ်ခုကြာထိ ရပ်တည်ခဲ့တာဖြစ်ပြီး ပရိသတ်ရဲ့ အသိအမှတ်ပြု အားပေးလက်ခံမှုကိုလည်း များစွာရရှိခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ဆန်းသစ်လက သူမနဲ့တူတဲ့ သမီးချောလေးကို မွေးဖွားထားတာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Photo credit - San Thit La's FB account
Photo credit - San Thit La's FB account

အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ ဆန်းသစ်လက ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက် စာမျက်နှာထက်မှာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဝေမျှလေ့ရှိသူပါ။ အလိုလိုက်ပြီး ဂရုစိုက်ကြင်နာတဲ့ ခင်ပွန်းကြောင့် အပျိုဘဝကထက် အလှတွေပိုတိုးလာတာဖြစ်ပြီး စိတ်ချမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ် ။ သမီးလေး မွေးဖွားပြီး နောက်ပိုင်းမှာလည်း ဆန်းသစ်လက ဝဝပြည့်ပြည့်လေးနဲ့ တစ်သားမွေး တစ်သွေးလှဆိုတဲ့ စကားကို မှန်အောင် လုပ်ပြလိုက်တာလည်း ဖြစ်ပါတယ်။

Photo credit - San Thit La's FB account
Photo credit - San Thit La's FB account

သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကို ဆိုရှယ်မီဒီယာထက်မှာ မကြာခဏဆိုသလို မျှဝေရင်း အမှတ်တရအဖြစ်တင်လေ့ရှိတဲ့ ဆန်းသစ်လက ယနေ့မှာလည်း ရေချိုးရင်း အသည်းယားစရာကောင်းအောင် ရယ်မောနေတတ်တဲ့ သမီးလေးရဲ့ ဗီဒီယိုဖိုင်လေးကို ရေးသားတင်ပေးလာတာပဲ ဖြစ်ပါတယ် ။ ရေချိုးနေတဲ့ သမီးလေးကို ချော့မြူရင်း အချစ်ပိုနေတဲ့ မေမေ ဆန်းသစ်လရဲ့ ဗီဒီယိုလေးကို ကြည့်ရှုစေရန် အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - San Thit La's FB account
Photo credit - San Thit La's FB account

Photo credit - San Thit La's FB account

Source  - San Thit La's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။