ပရိသတ်တွေအရမ်းချစ်ရတဲ့ နာမည်ကျော်တေးသံရှင် မီးမီးခဲကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆)ရက်နေ့မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ် ။ အရည်အချင်းရှိပြီး ထူးချွန်တဲ့ မီးမီးခဲလို ဂီတကြယ်ပွင့်တစ်ပွင့် ဆုံးရှုံးသွားခဲ့တဲ့အပေါ် ဂီတလောကသားတွေနဲ့ မိတ်ဆွေတွေအားလုံးက စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ အားလုံးကလည်း မီးမီးခဲအတွက် ဝမ်းနည်းပူဆွေးရင်း သူမနဲ့အမှတ်တရလေးတွေကို သတိရနေကြတာ ဖြစ်ပါတယ် ။

Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page

သူငယ်ချင်းဖြစ်တဲ့ ရေဗက္ကာဝင်းကလည်းမီးမီးခဲနဲ့ အမှတ်တရတစ်ခုကို ထုတ်ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ရေဗက္ကာဝင်းက "လွန်ခဲ့တဲ့ ၁၃နှစ်လောက်တုန်းက ကျွန်မရယ် မရတနာဦး၊မဆုန်သင်း၊မဇမ်နူး၊မမီးခဲ၊ ဆရာစံပီးတို့ကို ဦးအောင်ဒူးကနေ ဦးစီးပြီး Christian Musician Fellowship အနေနဲ့ ဘန်ကောက်၊မလေးရှား၊စင်ကာပူကို ဓမ္မတေးတွေချီးမွမ်းဖို့ ခရီးထွက်ခဲ့ကြပါတယ်...ခရီးစဉ်က တစ်လခွဲလောက်ကြာ ပင်လည်းပင်ပန်း ပျော်စရာလည်းကောင်းပြီး ကျွန်မတို့ အဲ့ဒီခရီးစဉ်မှာ တစ်ယောက်နဲ့တစ်ယောက်အရမ်းရင်းနှီးချစ်ခင်စေခဲ့တယ်လို့ပြောရမှာပါပဲ...ကျွန်မတို့ ယိုးဒယားနိုင်ငံ ဖူးခက်မှာ ဂုဏ်တော်ချီးမွမ်းခြင်းနဲ့ ဟောပြောသက်သေခံဖို့ စင်နားမှာစောင့်နေတုန်း ဆရာစံပီးက ရုတ်တရက်အမောဖောက်လာပြီး သတိလစ်သွားခဲ့ပါတယ် အဲ့တုန်းက ဆရာက ဓမ္မဆရာမဟုတ်သေးသလို အားလုံးနဲ့သူငယ်ချင်း လူငယ်ဓမ္မအဆိုတော်ဖြစ်စပဲရှိပါသေးတယ် အရေးပေါ်ဌာနကို မဇမ်နူးနဲ့ မမီးခဲက ဆေးရုံကားပေါ် ဆရာစံပီးနဲ့လိုက်သွားခဲ့တယ် ကျွန်မရယ် မရတနာဦးရယ် မဆုန်သင်းရယ်က အစီအစဉ်မပျက်သွားအောင် စင်ပေါ်မှာ ဆက်ပြီး ထိန်းထားခဲ့ပါတယ်...ကျွန်မတို့မှာ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့် အစီအစဉ်အတိုင်းဆက်လုပ်ခဲ့ပါတယ်"

Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page

"ဆေးရုံမှာ ဆရာစံပီးက အောက်စီဂျင်ပေးထားရပြီး သတိရတချက်မရတချက်ဖြစ်နေတဲ့အချိန်မှာ မမီးခဲက ရှိုက်ကြီးတငင်ငိုပြီး အားလုံးကိုအခုလိုမထားသွားဖို့ အမြန်အသက်ရှင်လာဖို့ပြောခဲ့တယ်လို့ နောက်ပိုင်းဆရာစံပီးတရားဟောချက်တွေမှာ ထည့်ပြောလေ့ရှိပါတယ်ဆရာပြောလေ့ရှိတာက >>အဲ့တုန်းက ကျွန်တော်ကမျောသလိုဖြစ်နေပြီ သတိရတစ်ချက်မရတစ်ချက် အဲ့မှာ မီးခဲက ကျွန်တော့်လက်ကို လှုပ်လှုပ်ပြီး နှပ်ရည်တွေရော မျက်ရည်တွေရောနဲ့ ခေါ်နေတာ ကျွန်တော်ကြားရတယ်လို့ နေကောင်းကျန်းမာပြီး အမှုတော်ဆောင်တဲ့အချိန်တွေမှာ ဟာသနှောပြီးပြောလေ့ရှိပါတယ် အဲ့နောက်ပိုင်း ဆရာစံပီးက ကိုယ်တွေ့သီချင်းကိုရေးခဲ့တယ်ကျွန်မတို့လည်းအမြဲမဆုံဖြစ်ကြပေမယ့် သတိရနေကြ အမှတ်ရနေကြပါတယ်"

Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page
Photo Credit-"Rebecca Win Fan Club" FB Page

"ကျွန်မတို့ အဲ့နောက်ပိုင်းလည်း ခရီးတွေ အလုပ်တွေ အများကြီး အတူသွားခဲ့ လုပ်ခဲ့ကြတယ်...ဒီညတော့ ဆရာစံပီးပြန်ငိုရမယ့်အလှည့်လို့ထင်ပါတယ် ဆရာလည်းမမီးခဲကိုလိုက်မခေါ်နိုင်တော့ပါဘူး ကျွန်မတို့တွေ ဘယ်သူမှလည်း ပြန်မခေါ်နိုင်တော့ဘူးစိတ်သဘောထားကောင်းပြီး ချစ်စရာကောင်းသော အဆိုပညာကို ကျွမ်းကျင်ပါးနပ်ရုံသာမက သီချင်းရေးလည်းကောင်းသော မမီးခဲ...ကျွန်မသီချင်းရေးပြီးတိုင်း သူ့ကိုဆိုပြဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကျွန်မအတွက် သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့ဖူးပါတယ်ကျွန်မတို့ တစ်ချို့အချိန်တွေကပြန်မရတော့ဘူးဆိုတာကို သိပါတယ် ကျွန်မတို့ တစ်ချိန်အဖဘုရားသခင်ရဲ့ အိမ်တော်မှာ ပြန်ဆုံမယ်...ကောင်းမွန်စွာ အိပ်စက်အနားယူပါတော့ မမီးခဲ" ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Rebecca Win's FB Acc

Photo Credit-"Rebecca Win Fan Club" FB Page
Photo Credit-Rebecca Win's FB Acc
Photo Credit-Rebecca Win's FB Acc
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။