ဝါရင့်သရုပ်ဆောင် မင်းသမီးဆောင်းအိန္ဒြေထွန်းကတော့ တစ်ချိန်ကအနုပညာလောကမှာ နေရာတစ်ခုကိုရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် သဘာဝကျကျ သရုပ်ဆောင်ထားနိုင်တာကြောင့်လည်း အောင်မြင်ခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေက ချစ်ခင်အားပေးနေတုန်းပဲဖြစ်ကာ နာမည်လေးကိုတောင် မမဆောင်းလို့ ပြောင်းလဲပြီး ချစ်စနိုးနဲ့ ခေါ်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit:Saung Eaindray Tun's Facebook Account
Photo Credit:Saung Eaindray Tun's Facebook Account
Photo Credit:Saung Eaindray Tun's Facebook Account

လတ်တလောမှာလည်း ဆောင်းအိန္ဒြေထွန်းကတော့ အနုပညာလှုပ်ရှားမှုအနေ့နဲ့ ကြော်ငြာတွေကို များစွာ လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမက မြန်မာဝတ်စုံလေးတွေကို အမြဲဝတ်ဆင်တတ်ပြီး လုံးကြီးပေါက်လှ ခန္ဓာကိုယ်လေးကြောင့် ပျိုမေလေးတွေက အားကျချစ်ခင်နေရတာဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေကို အမြဲဖော်ပြပေးလေ့ရှိတဲ့ ဆောင်းအိန္ဒြေထွန်းကတော့ ယခုမှာလည်း မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit:Saung Eaindray Tun's Facebook Account
Photo Credit:Saung Eaindray Tun's Facebook Account

ဒီပုံလေးတွေထဲမှာလည်း ဆောင်းအိန္ဒြေထွန်းက မြန်မာဆန်ဆန် အဝါရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ပန်းပန်ထားကာ ယဥ်ယဥ်လေးနဲ့ ကျက်သရေရှိရှိ လှရက်လွန်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဂစ်တာရှိတ်လေးကို အချိုးစားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးကလည်း ဆွဲဆောင်မှုရှိတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်ကြီးရေ အဝါရောင်မြန်မာဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ မမဆောင်းရဲ့ ပုံလေးတွေကို ပြန်လည်ထော်ပြပေးလိုက်ပါတယ်။

Source & Photo Credit:Saung Eaindray Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။