အသံချိုချိုလေးနဲ့ Pop သီချင်းလေးတွေကို သီဆိုသူကတော့ အဆိုတော် ဟဲလေးပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော် အဆိုတော် တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းလေးတွေဟာလည်း နားထောင်သူတိုင်းရဲ့ ရင်ထဲထိ စွဲကျန်ရစ်စေတာပဲ ဖြစ်ပါတယ်။

Photo Crd- He’Lay’s Facebook Page
Photo Crd- He’Lay’s Facebook Page
Photo Crd- He’Lay’s Facebook Page

ဟဲလေးဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာ သားလေးနှစ်ယောက်နဲ့အတူ အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူ့ရဲ့ လှုပ်ရှားမှုလေးတွေကိုတော့ အမြဲဝေမျှပေးနေတာပါ။ မနေ့ညကလည်း ဟဲလေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- He’Lay’s Facebook Page
Photo Crd- He’Lay’s Facebook Page

ဒါကတော့ ငါ့အကြောင်းနဲ့ငါ့ကံသီချင်းကိုဂီတာလေးတီးကာမီးမီးခဲနဲ့အတူသီဆိုခဲ့တဲ့ ဗီဒီယိုလေးကိုပြန်လည်ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူကလည်း " ဝေဒနာ​တွေနဲ့လွတ်ကင်းရာမှာ..​

ငြိမ်းချမ်းသွားပြီ​ပေါ့...သူငယ်ချင်း

သူဆိုခဲ့တဲ့သီချင်း​လေးကျွန်​တော်ကြိုက်လွန်းလို့

ပြန်ဆိုခဲ့ဖူးတယ်

နှစ်​​ယောက်​တွေ့​တော့...တူတူဆိုခဲ့ကြဖူးတယ်

တစ်သက်တာ...အမှတ်တရ​ပေါ့

16.10.2020 " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- He’Lay’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။