သရုပ်ဆောင် မင်းသားကြီး နိုင်းနိုင်းကတော့ ယနေ့တိုင် အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်နေပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ ဗီဒီယို ၊ VCDခေတ်မှ စလို့ ယနေ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် အဓိက ဇာတ်ဆောင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပါဝင်သရုပ်ဆောင်နေတဲ့ နိုင်းနိုင်းက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

Photo credit - Actor99's FB page
Photo credit - Actor99's FB page

နိုင်ငံခြားမှာရှိတဲ့ သူရဲ့ မိသားစုတွေဆီ မကြာခဏဆိုသလို သွားရောက်လည်ပတ်လေ့ရှိတဲ့ နိုင်းနိုင်းက မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက် လက်ခံလုပ်ကိုင်လေ့ရှိသူပါ။ သားသမီးလေးယောက်ကို မွေးဖွားပိုင်ဆိုင်ထားတဲ့ သူက လူပျိုလေးတစ်ယောက်လို အမြဲ စမတ်ကျပြီး သန့်ပြန့်နေတာကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလို သူရဲ့ တစ်ကိုယ်တော် အမိုက်စားပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိတဲ့ နိုင်းနိုင်းက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်နော်.....။

Photo credit - Actor99's FB page
Photo credit - Actor99's FB page
Photo credit - Actor99's FB page

စမတ်ကျကျ လမ်းလျှောက်ရင်း ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ သူရဲ့ ပုံရိပ်လေးတွေအပြင် " ကျနော်၏ ဥပတိရုပ်နှင့် ပာန်ပန်အမူအရာသည် ခက်ထန်မာကြောပေမယ့်...မိမိမှာ နူးညံ့သောနှလုံးသား ရှိမှန်းသိလိုက်ရသောအခါ မဂ်လာရှိသော နေ့ဖြစ်ပါစေချစ်သော " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီး နိုင်းနိုင်းရဲ့ အမိုက်စားပုံတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်..... ။

Photo credit - Actor99's FB page
Photo credit - Actor99's FB page
Photo credit - Actor99's FB page

Source & Photo credit - Actor99's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။