အဆိုတော် Rဇာနည်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်ခဲ့တဲ့ အဆိုတော်မီးမီးခဲဟာ မနေ့က ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။Rဇာနည်ကတော့ ယခုမှာ သီချင်းတွေများစွာအတူတွဲဆိုခဲ့ပြီး ရိုးသားကာ ချစ်စရာကောင်းတဲ့သူငယ်ချင်းမီးမီးခဲအတွက် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းနေခဲ့ပါတယ်။

PHOTO CREDIT: ZARNI MYO NYUNT ' S FACEBOOK ACC
PHOTO CREDIT: ZARNI MYO NYUNT ' S FACEBOOK ACC

မီးမီခဲဆုံးပါးသွားတဲ့ သတင်းဟာ ပရိသတ်တွေကိုရော အနုပညာရှင်တွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ Rဇာနည်ကတော့ " R.I.P မီးမီးခဲအလုပ်တွေအများကြီးအတူတွဲလုပ်ခဲဖူးတယ်ခရီးတွေအစုံသွားခဲ့ကြဖူးတယ်အမှတ်တရတွေအများကြီးရှိကြတယ်ရိုးသားပြီးချစ်စရာကောင်းတဲ့သူငယ်ချင်းရေကောင်းကင်ဘုံမှာ အေးချမ်းပါစေမတွေ့တာကြာပြီးပြန်တွေ့တာတစ်နှစ်အတိပဲ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

PHOTO CREDIT: MEE MEE KHEL ' S FACEBOOK PAGE
PHOTO CREDIT: MEE MEE KHEL ' S FACEBOOK PAGE

Rဇာနည်ကတော့  " ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်တွေ့ကြတယ်သီချင်းတွေဆိုကြတယ် အမှတ်တရပါပဲအလုပ်လုပ်နေရင်းသတင်းတွေတက်လာတယ်တို့ဘဝတွေကဒီလိုပါပဲ .....မိသားစုနဲ့ထပ်တူဝမ်းနဲစွာဖြင့်. " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် Rဇာနည်နဲ့ မီးမီးခဲတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

SOURCE : ZARNI MYO NYUNT ' S FACEBOOK ACC 

PHOTO CREDIT: ZARNI MYO NYUNT ' S FACEBOOK ACC
PHOTO CREDIT: ZARNI MYO NYUNT ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။