အဆိုတော်၊သရုပ်ဆောင် ရဲလေးနဲ့ မင်းသားချောလေးနေတိုးတို့ကတော့ အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူလက်တွဲကာ လုပ်ကိုင်နေကြသလို အောင်မြင်မှုကိုယ်စီ ရရှိနေကြတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် နေတိုးနဲ့ ရဲလေးတို့က နှင်းဆီအဖွဲ့ဝင်တွေဖြစ်တာကြောင့် ဖျော်ဖြေပွဲတွေမှာပါ အတူတူပူးပေါင်း တင်ဆက်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Ye' Lay's FB Page
Photo Credit-Ye' Lay's FB Page & Myo Zaya Oo(Paradise)

မကြာသေးခင်ကလည်း နေတိုးနဲ့ ရဲလေးတို့က "နှင်းဆီ Unplugged Show" ပွဲကြီးမှာ ပါဝင်ဖျော်ဖြေခဲ့ကြပါသေးတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်က ညီအစ်ကိုတွေလို ရင်းနှီးကြတာကြောင့် အမြဲတမ်းစနောက်နေကြတာပါပဲနော် ။ မကြာသေးခင်ကလည်း နေတိုးက ပလုတ်ပလောင်းစားပြရင်း ဗီဒီယိုရိုက်နေတဲ့ ရဲလေးကို ဘာမှပြန်မပြောနိုင်အောင် ပညာပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Ye' Lay's FB Page & Myo Zaya Oo(Paradise)
Photo Credit-Ye' Lay's FB Page & Myo Zaya Oo(Paradise)
Photo Credit-Tyron Bejay's FB Story & Ye Tun Min's FB Acc

ရဲလေးကတော့ အစားအသောက်တွေကို အားရပါးရစားပြပြီး အမြဲတမ်း "Good" လို့ပြောကာ ပရိသတ်တွေသွားရည်ယိုအောင် ဗီဒီယိုတွေ တင်လေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့် နေတိုးက သူနဲ့ကြုံတဲ့အချိန်လေးမှာ ရဲလေးကို ဆေးထိုးစနောက်လိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်ဖို့ကောင်းပြီး ရယ်နေရတဲ့ နေတိုးနဲ့ ရဲလေးတို့သူငယ်ချင်းနှစ်ယောက်ရဲ့အခွီဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Ye Tun Min's FB Acc

Video Credit-Tyron Bejay's FB Story & Ye Tun Min's FB Acc

Photo Credit-Tyron Bejay's FB Story & Ye Tun Min's FB Acc
Photo Credit-Tyron Bejay's FB Story & Ye Tun Min's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။