ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူကတော့ ဇာတ်သားချောလေး ဖိုးချစ်ပဲဖြစ်ပါတယ်။ ဖိုးချစ်ရဲ့ ဇာတ်သဘင်ကတော့ ဆန်းသစ်တဲ့ အကအလှလေးတွေနဲ့ ပြောင်မြောက်တဲ့ တီထွင်မှုတွေကြောင့်လည်း ပရိသတ်တွေရင်ထဲမှာ ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အကမှာလည်း ထူးချွန်တဲ့သူဖြစ်သလို ရုပ်ရည်လေးကလည်း အပြစ်ပြောစရာမရှိလောက်အောင် တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေကလည်း အသည်းစွဲဝန်းရံနေရတာ ဖြစ်ပါတယ်။

Photo Credit - Phoe Chit fb page
Photo Credit - Phoe Chit fb page

ဖိုးချစ်က မကြာသေးခင်လောက်က သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ပြီး ဘဝကိုအေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ သူ့ရဲ့ ဇာတ်သဘင်ကို ခဏတာရပ်နားထားခဲ့ရပြီး အဖွဲ့သားတွေစားဝတ်နေရေး အခက်အ​ခဲမရှိအောင်လည်း ကူညီစောင့်ရှောက်ပေးထားကို တွေ့ရပါတယ်။

Photo Credit - Phoe Chit fb page
Photo Credit - Phoe Chit fb page

ယခုမှာတော့ ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေမယ့် ဖိုးချစ်ရဲ့ live ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ ဖိုးချစ်က သူ့ရဲ့ အဖွဲ့သားတွေကို ပန်းသီးနဲ့ ငှက်ပျောသီး တွေကို ဝေပုံကျနဲ့ပေးနေပြီး ကြည်နူးစရာ အပြုံးပီတိလေးဝေဆာ နေတာတွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ လုပ်ဖော်ကိုင်ဖက်တွေကို မိသားစုသဖွယ်ပြုစုစောင့်ရှောင်ထားတဲ့ ဖိုးချစ်ကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Phoe Chit fb page

Video & Source - Phoe Chit fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။