ပရိသတ်ကြီးရေ အကယ်ဒမီပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ လက်တွဲနေထိုင်နေကြတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း ဇနီးမောင်နှံနှစ်ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်ဆောင်ကြတာဖြစ်ပါတယ်နော်။ဇနီးမောင်နှံနှစ်ယောက်လုံးက သာယာလှပတဲ့ဘဝလေးကို ပိုင်ဆိုင်ထားလို့ အမြဲပျော်ရွှင်နေကြတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu&Na Gyi's Facebook Account
Photo Credit:Paing Phyo Thu&Na Gyi's Facebook Account/RBV

သုသုက ချစ်ခင်ပွန်းအပေါ်မှာ ကြင်ကြင်နာနာနဲ့ချွဲနွဲ့တတ်ပြီး ဂရုစိုက်ပေးတတ်တဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒါရိုက်တာဏကြီးကလည်း ချစ်ဇနီးလေးအပေါ်မှာ အလိုလိုက်ပေးပြီး စိတ်ချမ်းသာအောင်ထားပေးပါတယ်နော်။ဏကြီးတို့ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့ ချစ်ကြလို့ အားကျဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu&Na Gyi's Facebook Account
Photo Credit:Paing Phyo Thu&Na Gyi's Facebook Account
Photo Credit:Paing Phyo Thu&Na Gyi's Facebook Account

အခုဆိုရင်တော့ ဒါရိုက်တာဏကြီးက စိတ်ကောက်နေတဲ့ချစ်ဇနီးလေးကို ချော့နေတာဖြစ်ပါတယ်။ဏကြီးက"တကယ်ကြီး စိတ်ကောက်နေပါတယ်။ခုထိ ချော့လို့မရသေးဘူး။“မီ” ပြန်ဝင်စားသွားပြီ ထင်တယ်။ကွိုင်ပဲ...(ဝိုင်းမြှောက်မပေးကြပါနဲ့တော့)"ဆိုပြီး ချော့မရတဲ့အကြောင်းလေးကို ရေးသားထားတာဖြစ်ပါတယ်။ချစ်ဇနီးလေးကို ကြင်နာယုယစွာနဲ့ချော့နေတဲ့ ဒါရိုက်တာဏကြီးရဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Paing Phyo Thu&Na Gyi's Facebook Account
Photo Credit:Paing Phyo Thu&Na Gyi's Facebook Account

Source&Photo Credit:Paing Phyo Thu&Na Gyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။