သရုပ်ဆောင် မင်းသမီးကြီး မမဆောင်းကတော့ အင်တာဗျူးတွေဖြေဆိုရင်း ပရိသတ်ရင်ထဲ တဖန်ဝင်ရောက် နေရာယူထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ စကားပြောရာမှာ ရိုးသားပွင့်လင်းပြီး အရှိကိုအရှိတိုင်း ပြောဆိုတတ်တဲ့သူမက ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဆောင်နေတဲ့သူလေးပါ။ 

Photo credit - Saung Eaindray Tun's Facebook Account
Photo credit - Saung Eaindray Tun's Facebook Account

လက်ရှိမှာလည်း ကြော်ငြာတွေကို လက်ခံရိုက်ကူးနေရပြီး photo shooting တွေလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူမအားလပ်တဲ့အချိန်လေးတွေမှာလည်း လူမှုကွန်ယက် facebook စာမျက်နှာထက်မှာ ပရိသတ်တွေနဲ့ liveလွှင့်စကားပြောလေ့ရှိပြီး ဖုန်းဘေလ်တွေကို ကံစမ်းပေးလေ့ရှိသူပါ။ ဒါ့အပြင် ရှုတင်အားလပ်ချိန်လေးတွေမှာလည်း အပျင်းပြေ Tiktok ဆော့ကစားတာလည်း ဖြစ်ပါတယ်။ 

Photo credit - Saung Eaindray Tun's Facebook Account
Photo credit - Saung Eaindray Tun's Facebook Account

ယနေ့မှာလည်း မမဆောင်းက သူမရဲ့ ဦးခေါင်းထက်မှာ ပန်းပွင့်အကြီးကြီးကို ပန်ဆင်ထားတာဖြစ်ပြီး ကိုယ်လုံးလေးကို လှုပ်ရမ်းကာ အမိုက်စားဆော့ကစားထားတာပဲ ဖြစ်ပါတယ်။ သီချင်းလေးနဲ့ လိုက်ဖက်ညီအောင် ဟန်ပန်အမူအရာလေးတွေနဲ့ မမဆောင်းရဲ့ Tiktok လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း အဆိုပါဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - Saung Eaindray Tun's Facebook Account
Photo credit - Saung Eaindray Tun's Facebook Account
Photo credit - Saung Eaindray Tun's Facebook Account

Photo credit - Saung Eaindray Tun's Facebook Account

Source & Video  credit - Saung Eaindray Tun's Tiktok Account

@31450284833

original sound - PhyoPyae33

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။