MRTV -4ရဲ့ သရုပ်ဆောင်တွေထဲမှာ မင်းသားချော ကျော်ထက်ကလည်း ပရိသတ်အားပေးမှုနဲ့ အောင်မြင်မှုအသင့်အတင့်ရရှိနေတဲ့သူပါနော်။ ဇာတ်လမ်းတွဲအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူရဲ့ အနုပညာအရည်အချင်းကလည်း ကောင်းမွန်တာဖြစ်လို့ လူကြီး လူငယ်မရွေး အားပေးချစ်ခင်နေကြတာပါ။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာနေတာလည်း ဖြစ်ပါတယ်။

Photo credit - Kyaw Htet's Facebook Account
Photo credit - Kyaw Htet's Facebook Account

အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက် စာမျက်နှာထက်မှာ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဝေမျှလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ယနေ့မှာလည်း သူရဲ့ ဇနီးချောလေးအပြင် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ ပျော်ပျော်ပါးပါး Tiktokဆော့ကစားထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ 

Photo credit - Kyaw Htet's Facebook Account
Photo credit - Kyaw Htet's Facebook Account

သမီးလေးရဲ့ ကကွက်အတိုင်း ညီညီညာညာလိုက်ကရင်း ပျော်ရွှင်စရာတွေဖန်တီးနေတဲ့ ကျော်ထက်တို့ မိသားစုရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှုရင်း အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ...ချစ်ပရိသတ်ကြီးကလည်း ကျော်ထက်တို့ မိသားစုလေးရဲ့ အဆိုပါဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်... ။

Photo credit - Kyaw Htet's Facebook Account
Photo credit - Kyaw Htet's Facebook Account

Photo credit - Kyaw Htet's Facebook Account

Source & Video credit - Kyaw Htet's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။