ဇာတ်အိမ်ကောင်းမွန်တဲ့ ရုပ်ရှင်ကားများကို ကိုယ်တိုင်ရိုက်ကူး ပုံဖော်သူကတော့ ဝါရင့်ဒါရိုက်တာ စင်ရော်မောင်မောင်ပဲ ဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလောကမှာ နေရာတစ်ခု ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဦးမောင်ရဲ့အားထုတ်ကြိုးစားမှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေများစွာ ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Zin Yaw Mg Mg’s Facebook Page
Photo Crd- Zin Yaw Mg Mg’s Facebook Page
Photo Crd- Zin Yaw Mg Mg’s Facebook Page

ဒီနေ့ကတော့ ဦးမောင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့လေးမှာ တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ အမှုးပြုသော သံဃာတော် (၁၃၅)ပါးအားDaw Soe Kitchen မှ မှာ ယူ၍ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပါသည်။ကမာကြည်ရပ်ကွက်အတွင်းရှိ Lovely Neighbours အ ဖွဲ့ ဝင် များသို့လည်း Par Par Lay မုန့်တီပွဲ(၂၀၀) ကို မွေးနေ့အလှူအဖြစ် လှူဒါန်းပါသည်။

ကျွန်တော်မွေးဖွားသည့် အချိန်မှ ယခုအချိန်အထိ ပြုခဲ့ဖူးသော ဒါန သီလ ဘာဝနာကုသိုလ် အပေါင်းကိုလည်းကောင်း

မွေးနေ့တွင်ပြုသမျသော ကုသိုလ်အပေါင်းကိုလည်းကောင်း အမျှအမျှ အမျှ ပေးဝေပါ၏ သာဓုခေါ်ပေးကြပါအုံးခင်ဗျာ" ဆိုပြီး လှူဒါန်းမှုတွေကို သာဓုခေါ်ဆိုနိုင်အောင် ဝေမျှထားပါသေးတယ်။

Photo Crd- Zin Yaw Mg Mg’s Facebook Page
Photo Crd- Zin Yaw Mg Mg’s Facebook Page
Photo Crd- Zin Yaw Mg Mg’s Facebook Page

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မွေးနေ့လေးကိုအိမ်မှာဘဲသားဖြစ်သူနဲ့အတူနှစ်ယောက်တည်းကိတ်ခွဲကာကျင်းပပြုလုပ်ခဲ့တဲ့ စင်ရော်မောင်မောင်ရဲ့ Video လေးဖြစ်ပြီး တစ်ဆင့်ပြန်လည် ကူးယူတက်ဆက်ပေးလိုက်ရပြီး ပရိသတ်တွေလည်း ဦးမောင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးသွားကြပါဦးနော်။

Source and Photo Crd- Zin Yaw Mg Mg’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။