ပရိသတ်ကြီးရေ အဆိုတော်ခင်ဘုဏ်းကတော့ နိုင်ငံခြားမှာနေထိုင်နေပေမယ့် အနုပညာအလုပ်တွေကိုတော့ တစ်နိုင်တစ်ပိုင်လေးလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ခင်ဘုဏ်းရဲ့သီချင်းဟောင်းလေးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်နေကြဆဲဖြစ်ကာ အမြဲနားထောင်ကြပါတယ်နော်။ခင်ဘုဏ်းက အခုဆိုရင် နိုင်ငံခြားမှာ ချစ်ခင်ပွန်းနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Khin Bone's Facebook Account
Photo Credit:Khin Bone's Facebook Account

ခင်ဘုဏ်းကတော့ တေးသီချင်းလောကက အနုပညာမောင်နှမတွေနဲ့လည်း ချစ်ချစ်ခင်ခင်ရှိပြီး သီချင်းတွေလည်းအတူတူတွဲလုပ်ကြတာဖြစ်ပါတယ်။မနေ့ကဆိုရင် အနုပညာရှင်တွေနဲ့ပရိသတ်တွေကို ကြေကွဲသွားစေမယ့် အကြောင်းအရာလေးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ အဆိုတော်မီးမီးခဲက ဩစတေးလျနိုင်ငံမှာ အောက်တိုဘာ(၁၆)ရက်နေ့က ဆုံးပါးသွားခဲ့တဲ့သတင်း‌လေးပဲဖြစ်ပါတယ်။

Photo Credit:Khin Bone's Facebook Account
Photo Credit:Khin Bone's Facebook Account

မီးမီးခဲ ဆုံးသွားတဲ့သတင်းကြားရချိန်မှာ အနုပညာမောင်နှမတွေကလည်း အရမ်းစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ခင်ဘုဏ်းကလည်း"ခရီးတွေ တူတူထွက်ခဲ့ကြတယ်၊သီချင်းတွေ တူတူဆိုခဲ့ကြတယ်၊ငါက ရည်းစားနဲ့ ဖုန်းပြောနေရင်လာလာ ခိုးနားထောင်ပြီး ရယ်တတ်တဲ့ သူငယ်ချင်းလေး စောလွန်းတယ်ဟာ နင်သွားနှင့်တာMay you rest in peace Memories of you live on"ဆိုပြီး ဝမ်းနည်းစွာနဲ့ ရေးသားလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Khin Bone's Facebook Account
Photo Credit:Khin Bone's Facebook Account

Source&Photo Credit:Khin Bone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။