ဂီတနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့တဲ့ သူကတော့ အဆိုတော်မလေး Jenny ပဲဖြစ်ပါတယ်။ Jenny က အဆိုပိုင်းမှာသာမက အကပိုင်းမှာလည်း ကျွမ်းကျွမ်းကျင်ကျင် နဲ့ ကတတ်တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Photo Credit - Jenny fb account
Photo Credit - Jenny fb account

Jenny ရဲ့ သူငယ်ချင်းဖြစ်သူ အနိုင်ငံကျော်တေးသံရှင် မီးမီးခဲဟာ အောက်တိုဘာလ (၁၆)ရက်၊ သောကြာနေ့ ညနေပိုင်းက သြစတေးလျနိုင်ငံမှာ ကွယ်လွန်ခဲ့တာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ မီးမီးခဲ ကွယ်လွန်သွားတဲ့ နေ့မှာပဲ သူငယ်ချင်းJenny ကိုရေးပေးခဲ့တဲ့ "Rock Star " ဆိုတဲ့ သီချင်းလေးက တိုက်တိုက်ဆိုင်ဆိုင် ပဲထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း မီးမီးခဲရဲ့ စိတ်ဆန္ဒအလိုပဲ သူရှိနေတဲ့အချိန်လေးမှာ သီချင်းလေးထွက်ရှိအောင် တိုက်တွန်းမှုကြောင့် ကွယ်လွန်သွားတဲ့နေမှာပဲ သီချင်းလေးထွက်ရှိခဲ့ပါတယ်။

Photo Credit - Jenny fb account
Photo Credit - Jenny fb account

ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး Jenny ကတော့ မယုံနိုင်စရာခံစားချက်တွေနဲ့ ဝမ်းနည်းမျက်ရည်ကျပြီး စိတ်မကောင်းစွာ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ ဒါ့အပြင် Jenny က သူမရဲ့ My Day မှာ သူငယ်ချင်း မီးမီးခဲ ရဲ့ နောက်ဆုံးအမှတ်ပုံလေးနဲ့ စိတ်မကောင်းစွာရေးသားထားတဲ့ စာလေးကိုလည်း တင်ထားခဲ့ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော်တေးသံရှင် မီးမီးခဲကို ကောင်းရာသုကတိလားအောင် ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်....။

Photo Credit - Jenny fb account

Video Source - Jenny fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။