ပရိသတ်ကြီးရေ.....ချစ်စရာကောင်းပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် စန္ဒီမြင့်လွင်လည်း အပါအဝင်ဖြစ်ပါတယ်နော်။ စန္ဒီမြင့်လွင်ရဲ့သမီးလေးဖြစ်တဲ့ Treasureလေးဟာလည်း ပါးဖောင်းဖောင်းလေးနဲ့အရမ်းကိုချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကသူမရဲ့သမီးလေးကိုပါ အချစ်တွေပိုနေရတာပါ။ Treasureလေးဟာလည်းမေမေနဲ့အတူ ကြော်ငြာတွေလည်းရိုက်ကူးနေပြီဖြစ်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် အားလုံးကသည်းသည်းလှုပ်ချစ်နေကြရတာဖြစ်ပါတယ်။

Treasureလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို နှုတ်ခမ်းလေးစူကာပို့စ်လေးတွေပေးတတ်နေပြီဖြစ်ပြီး မေမေဒီးဒီနဲ့ရုပ်ချင်းအရမ်းဆင်တဲ့သမီးလေးပါ။ ၀၀တုတ်တုတ်လေးနဲ့ ချစ်မွှေးပါတဲ့သမီးလေးကို မိသားစုတွေကသာမက ပရိသတ်တွေကပါ ချစ်မ၀ဖြစ်နေကြရတာဖြစ်ပါတယ်နော်။ Treasureလေးရဲ့ ချစ်စဖွယ်ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူဟာ လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလေ့ရှိတာပါနော်။

အခုဆိုရင်လည်း ဖေဖေသီဟဟာသူ့ရဲ့ Instagram accလေးမှာမိသားစုသုံးယောက်သား ချစ်စရာပုံစံလေးတွေနဲ့ ပို့စ်အပြိုင်ပေးနေတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ Treasureလေးဟာလည်း ဖေဖေနဲ့မေမေ့ရဲ့ရင်ခွင်လေးထဲမှာ ငြိမ်ငြိမ်လေးနေပြီး ပို့စ်အပြိုင်ပေးနေတာပါ။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Thiha Lwin's Instagram acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။