ပရိသတ်ကြီးရေ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပပြီး ချောမောနေတဲ့ ပျိုမေလေးတွေ စိတ်ဝင်စားအားပေးနေတဲ့ သူကတော့ မော်လ်ဒယ် သန္တာလှိုင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သန္တာလှိုင်က တက်သစ်စModelလေးတွေကို လက်တွဲသင်ကြားပြသပေးပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါအပြင် ပရိသတ်တွေအားကျစရာ သာယာပျော်ရွင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit:သန္တာလှိုင် Thandar Hlaing's Facebook page

ယခုမှာတော့ သန္တာလှိုင်က လွန်ခဲ့တဲ့ ၅ နှစ်လောက်က fashion show လျှောက်တုန်းက သဝန်မတိုတတ်တဲ့ ခင်ပွန်းဖြစ်ရဲ့အကြောင်းလေးကိုပြောပြလာခဲ့ပါတယ်။ သန္တာလှိုင် ရဲ့ Facebook Page မှာတော့ "လွန်ခဲ့တဲ့ ၅ နှစ်တုန်းကပေါ့ ကောင်လေးတစ်ယောက် fashion show စင်အနောက်မှာ Model မမကြီးတစ်ယောက်နဲ့ ဓါတ်ပုံတွဲပြီးရိုက်ရတာကို ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးတွေ မဖုံးနိုင် မဖိနိုင်နဲ့ သူ့ရဲ့ ပီတိတွေက မျက်နှာပေါ်မှာ ပေါ်လွင်နေတာ..... အခု သူ့ကိုဒီပုံလေး ပြန်ပြတော့ ဟုတ်တယ်လေနဲ့ မင်းဝတ်ထားတာလဲ ပြန်ကြည့်အုံး....မင်းအနား ဘယ်ကောင်လေးမှ အနားကပ်ခွင့်မရှိတဲ့အချိန်မှာ သူရလိုက်တဲ့ အခွင့်အရေးကို သူမှဂုဏ်မယူရင် ဘယ်သူယူမလဲတဲ့....သူဟာ သဝန်မတိုတတ်တဲ့အပြင် တစ်ခြားကောင်လေးတွေ သူတို့မိန်းမကို သဝန်တိုရင်တောင် သူက ဆုံးမနေသေးတာ မိန်းမကလှလေ မင်းတို့ ပိုပြီး ဂုဏ်ယူရလေ မဟုတ်ဘူးလားတဲ့....

Photo Credit:သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit:သန္တာလှိုင် Thandar Hlaing's Facebook page

မိန်းမကလှလို့ သူများကြည့်တာကို ဂုဏ်မယူတတ်ရင် မိန်းမလှလှမယူနဲ့လေတဲ့။ ကိုယ့်မိန်းမက ကိုယ်ကလွဲလို့ တစ်ခြားဘယ်သူ့မှကို မကြွေဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရင် မင်းတို့ သဝန်တိုမှာ မဟုတ်တော့ဘူးတဲ့။ နောက်ဆုံး ပွဲပြီးလို့ အိမ်ပြန်တော့ မိန်းမကို လက်တွဲပြီးအိမ်ပြန်ရတာ ကိုယ်ပဲမဟုတ်ဘူးလား လို့...... ဆုံးမနေတာတွေ့တယ်။ အခုတော့ အဲ့ကောင်လေးက အိမ်ထောင်ဉီးစီးကြီး လုပ်နေပြီ ယောကျာ်းက သဝန်မတိုတတ်ဘူးဆိုလို့ ကောင်မလေးတွေကို ဒီပုံထဲကလို ဝတ်ပြီးလျောက်သွားဖို့ မဟုတ်ပါဘူးနော်လို့.... ဒါက စင်ပေါ်မှာ fashion show လျှောက်ကာနီး အလုပ်သဘောအရ ဝတ်ထားတဲ့ အဝတ်ပါ။ ပုံမှန်ဝတ်ပြီး လျှောက်သွားရင် အင်မတန် ထော်လော်ကန့်လန့်နော် ..."ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ ခင်ပွန်းသည် ရဲ့ သဝန်မတိုတတ်တဲ့ အကြောင်းလေးကို ပြေပြထားတဲ့ သန္တာလှိုင်ရေးသားထားကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit & Source :သန္တာလှိုင် Thandar Hlaing's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။