ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိလွန်းတဲ့ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်ပြီး ပရိသတ်တွေကို အကြိုက်တွေ့စေတဲ့ အဆိုတော်မီးမီးခဲကတော့ အောက်တိုဘာလ(၁၆)ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။

အောက်တိုဘာလ (၁၆) ရက်နေ့က သြစတြေးလျစံတော်ချိန် ည(၉) နာရီ (၃၁) မိနစ်အချိန်မှာ သူမနေထိုင်ရာ သြစတြေးလျ နိုင်ငံ Sydney မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ မီးမီးခဲအတွက် ပရိသတ်တွေနဲ့ အနုပညာရှင်တွေများစွာလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။

Photo Credit - Mee Mee Khel's Fb Page
Photo Credit - Mee Mee Khel's Fb Page

အားလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြသလို အဆိုတော်ဂရေဟမ်ကလည်း မီးမီးခဲနောက်ဆုံးချန်ထားခဲ့တဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်နော်..။

မီးမီးခဲမကွယ်လွန်ခင် နောက်ဆုံးတွေ့ဆုံရင်း သီချင်းတွေ အတူဆိုခဲ့ကြတဲ့ အမှတ်တရလေးကို ဝေမျှထားတာဖြစ်ပြီး စိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေးကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Mee Mee Khel's Fb Page
Photo Credit - Mee Mee Khel's Fb Page

"မီးခဲ ရေ ... ငါတို့အမှတ်တရတွေအများကြီးထဲက နင်နောက်ဆုံးချန်ထားခဲ့တဲ့အမှတ်တရတစ်ခု .. Rest In Peace ... ငါ့ညီမလေး မီးခဲ.." ဆိုပြီး ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ဂရေဟမ်နဲ့ မီးမီးခဲတို့ရဲ့ နောက်ဆုံးအမှတ်တရ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ဝေမျှတင်ဆက်ပေးလိုက်တာမို့ အလွမ်းပြေလေး ကြည့်ရင်း မီးမီးခဲတစ်ယောက် ကောင်းရာသုဂတိလားစေဖို့ စိတ်မကောင်းစွာ ဆုတောင်းလိုက်ပါတယ်နော်..။

Photo Credit - Graham's Fb Page
Photo Credit - Graham's Fb Page

Source & Photo Credit - Graham's Fb Page & Mee Mee Khel's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။