ဂီတလောကမှာ နာမည်တစ်လုံးနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အဆိုတော် မီးမီးခဲကတော့ အခုဆိုရင် လူ့လောကကြီးကနေ အပြီးတိုင်ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ မီးမီးခဲက မနေ့ကပဲ သူမနေထိုင်ရာ သြစတေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။ သူမရဲ့နာရေးသတင်းကြောင့် အနုပညာရှင်တွေနဲ့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးက ဝမ်းနည်းပူဆွေးနေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page

မီးမီးခဲအတွက် စိတ်မကောင်းဖြစ်နေတဲ့သူတွေထဲမှာတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး သက်မွန်မြင့်ကလည်း အပါအဝင်ဖြစ်ပါတယ်။ အခုလည်း သက်မွန်မြင့်က မီးမီးခဲနဲ့အတူ ရိုက်ကူးထားတဲ့အမှတ်တရပုံရိပ်လေးတွေကို မျှဝေပြီး စကားဆိုထားတာ ဖြစ်ပါတယ် ။ သက်မွန်မြင့်က မီးမီးခဲမြန်မာပြည်ကို ပြန်လာတုန်းက တွေ့ဆုံဖြစ်ခဲ့ပုံလေးကို ပြောပြထားပြီး ကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့ ဆုတောင်းပေးထားတာလည်း ဖြစ်ပါတယ် ။

Photo Credit-Thet Mon Myint's FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page

သက်မွန်မြင့်က "သူ မြန်မာပြည် ပြန်လာချိန် မဆုန်သင်းပွဲမှာ တွေ့ခွင့်ရခဲ့တယ်..သူ့ One Lady show မသွားခဲ့ရဘူး..ခုကျ သူမရှိတော့ဘူး.. ငယ်ငယ်ကတည်းက အကြိုက်ဆုံး အဆိုတော်ထဲက တစ်ယောက်.. ကောင်းရာဘုံဘဝမှာ ပိုသာသော ပျော်ရွှင်မှုတွေနဲ့ အေးချမ်းပါစေ" ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သက်မွန်မြင့်နဲ့ မီးမီးခဲတို့နှစ်ယောက်ရဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Thet Mon Myint's FB Page

Photo Credit-Thet Mon Myint's FB Page
Photo Credit-Thet Mon Myint's FB Page
Photo Credit-Thet Mon Myint's FB Page
Photo Credit-"Mee Mee Khal-မီးမီးခဲ" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။