အနုပညာလောကရဲ့ ဆယ်ကျော်သက်အနုပညာရှင် တက်သစ်စလေးတစ်ဦးဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေကြား အထူးရေပန်းစားနေတဲ့ သူတွေထဲမှာ မော်ဒယ်လ် ဘုန်းမင်းနေလလည်း တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ် ။ ချောမောတဲ့ရုပ်ရည်နဲ့ အရပ်အမောင်းကောင်းတဲ့ သူ့ပုံစံကြောင့် လူမှုစာမျက်နှာမှာ နာမည်ကြီးခဲ့ပြီး မိန်းမလှလေးတွေရဲ့ အားပေးမှုနဲ့အတူ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Phonemin Nay La Facebook Page
Photo Credit : Phonemin Nay La Facebook Page

အခုလို stay home ကာလလေးမှာတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာလည်းဖြစ်ပါတယ် ။လတ်တလောမှာတော့Live လွှင့်ကာ သားအမိသုံးယောက် စုံစုံလင်လင် ပရိသတ်တွေနဲ့ စကားတွေပြောရင်းတစ်ယောက်နဲ့တစ်ယောက် စနောက်ကာ မျက်နှာပြောင်နေကြတဲ့ ကြည်နူးစရာဗီဒီယိုလေးကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Phonemin Nay La Facebook Page
Photo Credit : Phonemin Nay La Facebook Page

ဗီဒီယိုလေးကြည့်ပြီး ရယ်နေရသလို သားအမိသုံးယောက်လုံး ချစ်စရာကောင်းနေတာလည်းဖြစ်ပါတယ် ။ သူတို့သားအမိသုံးယောက်ကတော့ ချစ်ချစ်ခင်ခင်နဲ့ပျော်ပျော်နေတတ်ကာ ဟာသဗီဒီယိုလေးတွေကိုလည်း မကြာမကြာဖော်ပြလေ့ရှိကာ ရေပန်းစားလူကြိုက်များတာလည်းတွေ့ရပါတယ် ။ကဲချစ်ပရိသတ်ကြီးအတွက် ဘုန်းမင်းတို့ရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါရစေနော် ။

Photo Credit : Phonemin Nay La Facebook Page
Photo Credit : Phonemin Nay La Facebook Page

Source & Photo Credit : Phonemin Nay La Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။