သရုပ်ဆောင်နေဒွေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့လို့ ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။နေဒွေးက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မိခင်အပေါ်မှာလည်း လိုလေသေးမရှိအောင်ဂရုစိုက်ပေးတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။နေဒွေးက ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့လည်း နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

နေဒွေးက လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်ပြီး အပေါင်းအသင်းတွေနဲ့လည်းခင်ခင်မင်မင် နေတတ်တာဖြစ်ပါတယ်နော်။နေဒွေးက အခုလိုကိုဗစ်ကာလမှာလည်း အနုပညာအလုပ်တွေရပ်နားထားရ‌ပေမယ့် တတ်နိုင်သလောက်လေးလှူဒါန်းနေတာဖြစ်ပါတယ်။နေဒွေးကတော့ အလှူအတန်းရက်ရောတဲ့သူဖြစ်လို့ ပရိသတ်တွေက ပိုပြီး အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

အခုဆိုရင်လည်း နေဒွေးက ဆောက်လုပ်ရေးလုပ်သားတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး တတ်နိုင်သလောက်လေးကူညီခဲ့တာဖြစ်ပါတယ်။နေဒွေးကတော့"ဒီနေ့ ဆောက်လုပ်ရေးတစ်ခုက ပညာရှင်များကို နီလာဒံပေါက် , အအေး , အင်္ကျီအဝတ်အစား , ဆန် နဲ့ ငွေများကိုအလှူလုပ်ပေးဖြစ်ခဲ့ပါတယ်"ဆိုပြီး သူ့ရဲ့အလှူလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း နေဒွေးရဲ့အလှူလေးကို သာဓုခေါ်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

Source&Photo Credit:Nay Dway's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။