ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော မိုးအောင်ရင်ရဲ့ မြန်မာအသုပ်စုံလေးကတော့ စားသုံးသူပရိသတ်တွေကြား နာမည်ကြီးအောင်မြင်နေသလို မှာယူစားသုံးသူတွေအတွက်လည်း မိုးအောင်ရင်က ကိုယ်တိုင် Delivery လိုက်ပို့နေတာပဲ ဖြစ်ပါတယ်..။

ပြည်သူပရိသတ်တွေအတွက် စေတနာပါတဲ့ စိတ်လေးကြောင့်လည်း အောင်မြင်နေတဲ့ သူ့ရဲ့ အသုပ်စုံလေးကို ကိုယ်တိုင် delivery လိုက်ပို့ရင်း အလှူအတန်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်နော်..။

Photo Credit - Moe Aung Yin's Fb Acc
Photo Credit - Moe Aung Yin's Fb Acc

အခုတစ်ခါမှာလည်း မိုးအောင်ရင်တစ်ယောက် ကိုယ်တိုင် Delivery လိုက်ပို့ရင်း ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော်တွေအတွက် အသုပ်စုံတွေလှူဒါန်းခဲ့တဲ့ပါတယ်နော်..။

ဆွမ်းခံမကြွရလို့ ဆွမ်းအခက်အခဲဖြစ်နေကြတာကို ကြားသိရလို့ ရဟန်းဝတ်ခဲ့တဲ့ကျောင်းမှာ အသုပ်စုံတွေ ကိုယ်တိုင်သွားရောက် ကပ်လှူကုသိုလ်ယုခဲ့တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Moe's Favorite Food's Fb Page
Photo Credit - Moe's Favorite Food's Fb Page
Photo Credit - Moe's Favorite Food's Fb Page

"ယနေ့ delivery နှင့် အလှူ...

ဘုန်းကြီးတွေဆွမ်းမခံရတော့ ဆွမ်းအခက်အခဲဖြစ်နေကြတယ်ကြားလို့ ကိုယ့်ကို ရဟန်းဝတ်ပေးတဲ့ ရွှေဟင်္သာစံကျောင်းက ဉပ္ပဇယ် ဆရာတော်ထံ Delivery ပို့ရင်း အသုပ်ဆွမ်းလေးသွားကပ်ခဲ့ပါတယ်...

နောက်လည်း အသုပ်ရောင်းတဲ့နေ့တွေမှာ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း..." ဆိုပြီး ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ အသုပ်စုံ Delivery လိုက်ပို့ရင်း အလှူလေးတွေ ပြုလုပ်ခဲ့တဲ့ မိုးအောင်ရင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တက်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Moe's Favorite Food's Fb Page
Photo Credit - Moe's Favorite Food's Fb Page

Source & Photo Credit - Moe Aung Yin's Fb Acc & Moe's Favorite Food's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။