မနေ့ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မီးမီးခဲတစ်ယောက် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သူမဆုံးပါးသွားတဲ့ သတင်းဟာ အနုပညာရှင်တွေရော ပရိသတ်တွေကို အလွန်စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ မီးမီးခဲတစ်ယောက် သူမကွယ်လွန်ခင်က နောက်ဆုံးပွဲမှာ ပရိသတ်တွေကိုဖျော်ဖြေဖို့အတွက် Live Show နောက်ကွယ်မှာ ဆေးသွင်းရင်းတန်းလန်းနဲ့ သီချင်းလေ့ကျင့်နေခဲ့တဲ့ ဗီဒီယိုလေးကိုအမှတ်တရအနေနဲ့ ချပြလာခဲ့ပါတယ်။

PHOTO CREDIT: HAN HTOO ZAN ' S FACEBOOK PAGE
PHOTO CREDIT: HAN HTOO ZAN ' S FACEBOOK PAGE

ဟန်ထူးစျာန်ကတော့ "ကျွန်တော်မနေ့က ပြောပြတဲ့ သူ့ပရိတ်သတ်တွေအတွက် နောက်ဆုံးအနေနဲ့ ပြန်လာပြီး Live Show ရဲ့နောက်ကွယ်က သီချင်းလေ့ကျင့်နေတဲ့ Video လေးပါLive Show ပြီးခါစ ပွဲအတွက် အစ်မကြိုးစားသွားမှု့တွေကိုပြောပြရင်း ကျွန်တော်တို့ကို အနုပညာနဲ့ပတ်သတ်ရင်အမြဲသွန်သင်ဆုံးမပေးတတ်တဲ့ ကိုပိ ဒီ Video File လေးပြတုန်းကလည်း တော်တော်စိတ်မကောင်းဖြစ်ခဲ့ရသလို အစ်မရဲ့ကြိုစားမှု့နဲ့စိတ်ဓာတ်ကြံ့ခိုင်မှု့ကိုအတုယူခဲ့မိပါတယ် "ဆိုပြီး ရေးသားထားပါတယ်။

PHOTO CREDIT: HAN HTOO ZAN ' S FACEBOOK PAGE
PHOTO CREDIT: HAN HTOO ZAN ' S FACEBOOK PAGE
PHOTO CREDIT: HAN HTOO ZAN ' S FACEBOOK PAGE

ဟန်ထူးစျာန်ကတော့  " ဝမ်းနည်းသတိရနေကြတဲ့ ကျွန်တော်အပါအဝင်အစ်မ ပရိတ်သတ်များအတွက်ရည်ရွယ်ပြီးVideo File လေးကို အခုလိုတင်ခွင့်ပေးပြီးပို့ပေးလာတဲ့ ကိုပိ ကိုလည်းကျေးဇူးတင်ပါတယဘုရားသခင်ရင်ခွင်မှာပျော်ရွှင်ပါစေအစ်မ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မီးမီးခဲရဲ့ ဆေးပုလင်းချိတ်ရင်း သီချင်းလေ့ကျင့်နေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

SOURCE : HAN HTOO ZAN ' S FACEBOOK PAGE 

PHOTO CREDIT: HAN HTOO ZAN ' S FACEBOOK PAGE
PHOTO CREDIT: HAN HTOO ZAN ' S FACEBOOK PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။