ပရိသတ်ကြီးရေ ခိုင်သင်းကြည်ကတော့ အကယ်ဒမီဆုတွေလည်း ဆွတ်ခူးရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။မခိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးကြပါတယ်။မခိုင်လေးရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်စုစာထိရှိနေပြီဖြစ်လို့ အနုပညာလောကမှာ ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit: Amazing Grace
Photo Credit: Amazing Grace

မခိုင်လေးကတော့ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်လည်းရှိလို့ သူမအတွက် အဖော်ရနေတာဖြစ်ပါတယ်။မခိုင်လေးတို့မိသားစုလေးက စိတ်တူကိုယ်တူနဲ့ စည်းစည်းလုံးလုံးရှိကြလို့ အရမ်းအေးချမ်းတဲ့မိသားစုဘဝလေးပဲဖြစ်ပါတယ်နော်။မခိုင်လေးရဲ့ခင်ပွန်းကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပြီး ချစ်ဇနီးနဲ့သမီးလေးကို လိုလေသေးမရှိအောင်ဂရုစိုက်ပေးတာဖြစ်ပါတယ်။

Photo Credit: Amazing Grace
Photo Credit:Khine Thin Kyi's Facebook Account

မခိုင်လေးတို့သားအမိနှစ်ယောက်ကတော့ တစ်ခါတလေ အပြင်အတူတူသွားလာကြပြီး ညီအစ်မတွေလိုမျိုး ဆက်ဆံကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သားအမိနှစ်ယောက်က အင်္ကျီဆင်တူလေးတွေဝတ်ထားပြီး အသံချိုချိုနဲ့ သီချင်းဆိုနေကြတာဖြစ်ပါတယ်။ထိပ်ထိပ်လေးက ဂီတာကိုကျွမ်းကျွမ်းကျင်ကျင် တီးပြီး သီဆိုနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

Photo Credit:Khine Thin Kyi's Facebook Account

Source&Video Credit: KHINE THIN KYI's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။