ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသားကြီး လွင်မိုးကတော့ အနုပညာရှင်အချင်းချင်းကတောင် လေးစားချစ်ခင်ရသူ ဖြစ်ပါတယ် ။ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ လွင်မိုးက အခုချိန်အထိတိုင်အောင် အရွယ်တင်နုပျိုပြီး တည်ကြည်ခန့်ညားနေတာ ဖြစ်ပါတယ် ။ သမီးချောလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ လွင်မိုးက လက်ရှိမှာဆိုရင် မြေးဦးလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc

လွင်မိုးက အနုပညာလောကမှာ မသိသူမရှိလောက်အောင် လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်တဲ့နေရာမှာလည်း အောင်မြင်မှုရနေတာ ဖြစ်ပါတယ် ။ ကျန်းမာဖျတ်လတ်တဲ့ လွင်မိုးက အိမ်ထောင်ဦးစီးကောင်း ပီသစွာနဲ့ တာဝန်တွေကို ကျေပွန်နေတာ ဖြစ်ပါတယ် ။ အခုလည်း လွင်မိုးက အိမ်မှာနေရင်း သူကိုယ်တိုင် မီးဖိုချောင်ဝင်ပြီး ဟင်းတွေချက်ပြုတ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc
Photo Credit-Lwin Moe's FB Acc

ဒီနေ့မှာတော့ လွင်မိုးက အရသာရှိတဲ့ ဟင်းလျာတစ်ပွဲကို စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပြီး ပြင်ဆင်နေတာပဲ ဖြစ်ပါတယ် ။ မြင်လိုက်တာနဲ့ စားချင်စဖွယ်ကောင်းလောက်အောင် ပြင်ဆင်နိုင်တဲ့ လွင်မိုးကတော့ ဘက်စုံထူးချွန်တဲ့ မင်းသားကြီးတစ်လက်ပါပဲနော်။ ကဲ အိမ်မှာနေရင်း စားဖိုမှူးကြီးလုပ်ကာ ဟင်းတွေချက်နေတဲ့ လွင်မိုးရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Lwin Moe's FB Story

Photo Credit-Lwin Moe's FB Story
Photo Credit-Lwin Moe's FB Story
Photo Credit-Lwin Moe's FB Story
Photo Credit-Lwin Moe's FB Story
Photo Credit-Lwin Moe's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။