ပရိသတ်ကြီးရေ သရုပ်ဆောင်စမိုင်းလ်ကတော့ စိတ်တူကိုယ်တူရှိတဲ့ ခင်ပွန်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားလို့ အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။စမိုင်းလ်ကလည်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေပြီး ပရိသတ်တွေအတွက် သူမရဲ့အနုပညာတွေကို ထုတ်ပြနေတာပါနော်။စမိုင်းလ်တို့ဇနီးမောင်နှံက ဘာသာတရားဆိုလည်း တက်ညီလက်ညီ ကိုင်းရှိုင်းကြတဲ့ဇနီးမောင်နှံဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်တို့မိသားစုလေးကတော့ အခုလိုကိုဗစ်ကာလမှာ အိမ်ထဲမှာပဲ အေးအေးချမ်းချမ်းနေထိုင်နေပေမယ့် လိုအပ်တဲ့နေရာတွေကို အဆက်မပြတ်လှူဒါန်းနေတာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုက အလှူအတန်းဆို အရမ်းရက်ရောတာကြောင့် သိန်းပေါင်းများစွာကို အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။အခုလတ်တလောမှာဆိုရင်လည်း ချစ်ခင်ပွန်းရဲ့မွေးနေ့အကြိုအတွက် လိုအပ်တဲ့လူတွေကို တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

စမိုင်းလ်က အခုဆိုရင်လည်း (၂၂)ရက်နေ့ကျရင် ကံစမ်းမဲဖောက်ပေမယ့် အကြောင်းလေးကို Liveလွှင့်ပြီး ပြောပြပေးလာတာဖြစ်ပါတယ်။(၂၂)ရက်နေ့မှာ ငွေကျပ်(၂၅)သိန်းဖိုးအပြင် အခြားကံစမ်းမဲတွေကိုပါ ချစ်တဲ့ပရိသတ်တွေကို မဲဖောက်ပေးမှာဖြစ်ပါတယ်။စမိုင်းလ်ကတော့ Liveမှာ ဟာသလေးနှောပြီး ပျော်ပျော်ရွှင်ရွှင်ပြောပြနေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook page
Photo Credit:စမိုင်းလ် Smile's Facebook page

Photo Credit:စမိုင်းလ် Smile's Facebook page

Source& Video Credit:စမိုင်းလ် Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။