မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း သူမမြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ မိုးယုစံရဲ့ခင်ပွန်းကလည်း သူမအတွက် ပါရမီဖြည့်ဖက်ကောင်းဖြစ်သလို အိမ်ထောင်ဦးစီး တာဝန်ကို ကျေပွန်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မိုးယုစံရဲ့အိမ်ထောင်သည်ဘဝလေးက သာယာစိုပြေပြီး ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

ကောင်းသိင်္ခမိုးသူဆိုတဲ့ သားချောလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံက အခုဆိုရင် ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ် ။ ကလေးနှစ်ယောက်မေမေဖြစ်တော့မယ့် မိုးယုစံက လက်ရှိအချိန်မှာ မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ မိုးယုစံက ချစ်ခင်ပွန်းနဲ့ မင်္ဂလာနှစ်ပတ်လည်သက်တမ်း (၄) နှစ်တိတိပြည့်သွားပြီဖြစ်ကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-MY DREAM One Stop Wedding Service
Photo Credit-MY DREAM One Stop Wedding Service

မိုးယုစံက (၄) နှစ်တာဖြတ်သန်းလာတဲ့ သူမတို့စုံတွဲရဲ့ အမှတ်တရလေးတွေကို မျှဝေထားတာလည်း ဖြစ်ပါတယ် ။ မိုးယုစံက "4years Anniversary ဒီနေ့လေးမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မင်္ဂလာဆောင်ခွင့်ရခဲ့တယ် တစ်သက်မှာတစ်ခါဖြစ်တဲ့အတွက် ကိုယ့်ဖြစ်ချင်တဲ့အတိုင်းလုပ်ခွင့်ရလို့ အမြဲထာဝရအမှတ်ရနေတဲ့နေ့လေးတွေပါပဲ နောက်နှစ်ဆို မိသားစု၄ယောက်ဖြစ်ပြီ ဒယ်ဒီလည်းမာမီ့ကိုပိုချစ်ပီးပိုဂရုစိုက်နိုင်ပါစေလို့ (သူကြိုက်တဲ့သီချင်းလေးနဲ့ပဲတင်လိုက်ပါတယ်)"ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ မင်းသမီးချောလေး မိုးယုစံတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၄) နှစ်ပြည့် အမှတ်တရဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Moe Yu San's FB Acc & Moe Yu San's Tik Tok Acc

Photo Credit-MY DREAM One Stop Wedding Service
Photo Credit-MY DREAM One Stop Wedding Service
Photo Credit-MY DREAM One Stop Wedding Service
@moeyusanmys

4years Anniversary##weddingsong

Someone You Loved - Lewis Capaldi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။