မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ ချိုသာတဲ့ အသံလေးနဲ့ တေးသီချင်းကောင်းလေးတွေကိုသီဆိုတတ်ပြီး ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ အနုပညာရှင်ကတော့ အဆိုတော်မီးမီးခဲပဲ ဖြစ်ပါတယ်နော် ။သူမရဲ့တေးသီချင်းတော်တော်များများဟာလည်း တခဲနက်အားပေးဝန်းရံမှုတွေနဲ့ ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေအပြင် ယောကျ်ားလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြတာကိုလည်း တွေ့ရပါတယ် ။

Photo Credit : Mee Mee Khal Facebook Page
Photo Credit : Mee Mee Khal Facebook Page

သူကတော့ ရင်သားကင်ဆာ အဆင့်လေးကို ခံစားနေရတာဖြစ်ပြီး စိတ်ဓာတ်မကျပဲ ဘဝကိုအတတ်နိုင်ဆုံးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ စိတ်ဓာတ်ကြံ့ခိုင်သူလေးလည်းဖြစ်ပါတယ် ။သူမဟာ ဆေးနဲ့ထိန်းချုပ်ကုသနေစဉ်မှာပဲ အောက်တိုဘာ (16) ရက်နေ့လေးမှာကြွေလွင့်ခဲ့ရတာလည်း ဖြစ်ပါတယ် ။အခုမှာတော့ သူမရဲ့ တစ်ကိုယ်တော် show လေးရဲ့နောက်ဆုံးမှာပြသသဖို့ ခင်ပွန်းဖြစ်သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုလေးကို ဖော်ပြခဲ့ပါတယ် ။

Photo Credit : Mee Mee Khal Facebook Page
Photo Credit : Mee Mee Khal Facebook Page

ဗီဒီယိုလေးကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော် ။ ကိုယ်တိုင်ဖြစ်လာသမျှကို လက်ခံပြီး အဆင်သင့်ဖြစ်နေလို့ ကြိုတင်ရိုက်ကူးထားတယ်လို့တောင်ထင်မှတ်ရပြီး မိသားစုနဲ့ ထပ်တူကြေကွဲမိတာအမှန်ပါပဲ ။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါရစေနော် ။

Photo Credit : Mee Mee Khal Facebook Page
Photo Credit : Mee Mee Khal Facebook Page

Source & Video Credit : Via Ko Soe Naing & Min Htaw Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။