ပရိသတ်ကြီးရေ မင်းသားချောဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တိုင်တိုင်ပင်ပင်နဲ့ အနုပညာအလုပ်တွေ တွဲလုပ်နေကြတာပဲဖြစ်ပါတယ်။ဇဏ်ခီတို့ဇနီးမောင်နှံက အပြန်အလှန် နားလည်မှုအပြည့်ရှိကြပြီး အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ဇဏ်ခီက ချစ်ဇနီးလေးရဲ့ မွေးနေ့လေးမှာ အမှတ်တရအဖြစ်အပျက်လေးတွေကို အောက်ပါအတိုင်း ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account

ဇဏ်ခီက"ကျွန်‌တော်တို့ကြိုက်တော့မလိုလို အီစီကလီ ဟိုလိုလို ဒီလိုလို စျေးဗန်းခင်းနေတဲ့ကာလတုန်းကပေါ့လေ.. စိတ်ဝင်စားသူတွေလည်းအများအပြားကြားမှာ မသေမချာမရေမရာဖြစ်နေတုန်းကာလ.. ကျွန်တော်ဇဏ်ခီရဲ့အကွက်တစ်ခု.. ကျွန်‌တော့်မွေးနေ့မှာသူ့ဆီကိုသွားပြီး သူ့ကိုမွေးနေ့လက်ဆောင်ပေးလိုက်တယ်။ သူကြောင်သွားပြီး Chris - “ဟမ် ဒါကဘာအတွက်လဲ”

ကျွန်တော် - “မွေးနေ့လက်ဆောင်ပါ”

Chris - “Chris မွေးနေ့ကလိုသေးတယ်”

ကျွန်တော်- “ကျွန်တော်သိပါတယ်.. ဒီနေ့ကကျွန်တော့်မွေးနေ့လေ..” ဆိုတော့သူကြောင်ကြည့်နေတယ်.. သူအူကြောင်ကြောင်နဲ့မွေးနေ့လက်ဆောင်ကိုယူလိုက်တယ်.. "

Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account

"ဒါပေမယ့် သူမသိလိုက်တာကကျွန်တော်reverse psychology သုံးလိုက်တယ်ဆိုတာကိုပါ။ “သူ့မွေးနေ့မှာတောင် ငါ့ကိုလက်ဆောင်ပေးတယ်ဆိုတော့” ဆိုတဲ့ impression ကြီးကသူ့စိတ်ရဲ့အနောက်ပေါက်ကနေဝင်သွားပြီး မိန်းမတို့ရဲ့မာနဆိုတဲ့အစိုင်အခဲကြီးကို မီးရှို့ဖျက်စီးလိုက်ပြီဆိုတာကိုပါ..အခုချိန်မှာတော့သူဟာ ကျွန်တော့်ကိုဓါတ်ပုံတွေရိုက်ပေးရ..ရုပ်ရှင်တွေရိုက်ပေးရ..bow tie တွေစီးပေးရ..ဟင်းတွေချက်ပေးရ..ထီးတွေလိုက်မိုးပေးနေရပြီပေါ့လေ..ဟဲဟဲ Happy Birthday my love! (မွေးနေ့မှာစိတ်မဆိုးကောင်းဘူးနော်)"ဆိုပြီး အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account
Photo Credit:Zenn Kyi's Facebook Account

Source&Photo Credit:Zenn Kyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။