ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားကြသူတွေကတော့ အဆိုတော် R ဇာနည်တို့ မိသားစုလေးပဲ ဖြစ်ပါတယ်။ ဖေဖေ၊မေမေတို့ရဲ့ ရုပ်ရည်ချောမောမှုတွေကို ရရှိထားတာကြောင့် ကလေးသုံးယောက်လုံး အရမ်းကို ချစ်စရာကောင်းနေကြတာပဲ ဖြစ်ပါတယ်။ အငယ်ဆုံးမလေး မစ်မစ်တုန်ဟာလည်း တစ်အိမ်လုံးရဲ့ အသည်းကျော်လေး ဖြစ်နေတာပါ။

Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account

မစ်မစ်တုန်လေးဟာ မကြာသေးခင်က အသက် (၅) လပြည့်ခဲ့တာပဲ ဖြစ်ပြီး ပရိသတ်တွေကပါ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းတွေယားကာ ချစ်မဝ ဖြစ်နေကြတာပါ။ ဒါ့အပြင် သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲစောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း R ဇာနည်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account

ဒါကတော့ မိသားစုများနဲ့အတူလေထိုးရေကန်ထဲမှာပျော်ပျော်ပါးပါးရေစိမ်ကာ ဆော့ကစားနေတဲ့ မစ်မစ်တုန်ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုပြီး ချစ်မဝဖြစ်သွားစေမှာ သေချာတာကြောင့် ဒီပုံလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Zarni Myo Nyunt’s Facebook Account 

Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account
Photo Crd- Zarni Myo Nyunt’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။