ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောက်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အိအိတုန်ကတော့ အနုပညာအလုပ်တွေကိုလည်း ယနေ့အချိန်ထိတိုင် ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။အိအိတုန်က အခုလိုအနုပညာအလုပ်တွေရပ်နားထားရတဲ့အချိန်မှာတော့ အွန်လိုင်းပေါ်မှာ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးလုပ်ဆောင်နေတာပါနော်။အိအိတုန်ရောင်းချတဲ့ ပစ္စည်းလေးတွေကိုလည်း ပရိသတ်တွေက အားပေးဝယ်ယူကြတာဖြစ်ပါတယ်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အိအိတုန်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။သူမရဲ့ချစ်ခင်ပွန်းကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသတာကြောင့် အမြဲစိတ်ချမ်းသာနေရတာဖြစ်ပါတယ်နော်။အိအိတုန်ကတော့ အခုဆိုရင် ဒုတိယကိုယ်ဝန်ကိုလည်း လွယ်ထားရပြီး မကြာခင်မွေးဖွားတော့မှာဖြစ်ပါတယ်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

အိအိတုန်ရဲ့ ဒုတိယရင်သွေးလေးကလည်း မိန်းကလေးပဲဖြစ်တာကြောင့် သမီးနှစ်ယောက်ရဲ့မေမေဖြစ်တော့မှာပါနော်။အိအိတုန်ရဲ့ခင်ပွန်းကလည်း ချစ်ဇနီးလေးကို အစစအရာရာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်ဇနီးလေးရဲ့ဆံနွယ်တွေကို လေမှုတ်ပေးပြီး သနပ်ခါးလှလှလေးလူးပေးနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း ကြည်နူးရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account
Photo Credit:Ei Ei Tone's Facebook Account

Source&Photo Credit:Ei Ei Tone's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။