ပရိသတ်ကြီးရေ.......သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

မြင့်မြတ်ဟာ စေတနာသဒ္ဓါတရားထက်သန်တဲ့ သူလည်းဖြစ်ပြီးတော့ မကြာခဏဆိုသလိုလည်း လှူဒါန်းမှုတွေကို ရက်ရက်ရောရောလုပ်လေ့ရှိပါတယ်။ မြင့်မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေးမြတ်သူကိုလည်း ရရှိပိုင်ဆိုင်နေပြီဖြစ်ပြီး ပျော်စရာကောင်းတဲ့မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပါတယ်နော်.....။

မြင့်မြတ်ဟာ အခုလက်ရှိမှာဆိုရင် ယောက်ဖဖြစ်သူနဲ့အတူ Liveလွှင့်ဈေးရောင်းနေတာလည်းဖြစ်ပါတယ်နော်။ မကြာသေးမီကလည်း သားလေးမြတ်သူရဲ့ pageလေးကနေ ဈေးရောင်းနေတဲ့ ဖေဖေမြင့်မြတ်နဲ့ ဦးလေးဖြစ်သူရဲ့ ဘေးနားကနေ ဖုန်းဆော့နေတဲ့ မြတ်သူလေးဗီဒီယိုကိုတင်ပေးထားပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& video Credit-Myat Thu's Facebook page

Photo credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။